ရခိုင်ပြည်နယ်အစိုးရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

စစ်တွေ   ဖေဖော်ဝါရီ    ၁၈


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ   မတည်ထောက်ပံ့ငွေများ   ထုတ်ယူသုံးစွဲရေးဆိုင်ရာ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊   ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်း   အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က   နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်အတွက်   ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး    ရန်ပုံငွေ မှ   မတည်ထောက်ပံ့ငွေများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများ နှင့်အညီ       မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက်ရည်ရွယ်ပြီး ယနေ့ အစည်းအဝေးကို   ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊     နိုင်ငံတော်မှ ထောက်ပံ့ပေးသော  ငွေကျပ် ၁၀ ဘီလီယံကို    ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍတွင်    ထည့်သွင်း လည်ပတ်နိုင်မည်ဆိုလျှင်  ပြည် နယ်၏  ငွေစီးဆင်းမှုပမာဏ  ၁၀ ဘီလီယံ များပြားလာမည်ဖြစ်သည့် အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များက မြန်မြန်ဆန်ဆန် အကောင် အထည်ဖော်ပေးကြရန် မှာကြား လိုကြောင်း၊ မတည်ထောက်ပံ့ငွေ များ ထုတ်ချေးရာတွင် နိုင်ငံတော် က  ထုတ်ပြန်ထားသည့်  မူဝါဒ၊ လမ်းညွှန်ချက်များ၊      လုပ်ထုံး လုပ်နည်းများနှင့်အညီ    ပြည်သူ များလက်ဝယ်အရောက်    အမြန် ထုတ်ချေးပေးနိုင်ရေး သက်ဆိုင် ရာတာဝန်ရှိသူများက  ဝိုင်းဝန်း ပူးပေါင်း   ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်   ကျရာ ကဏ္ဍမှ     ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ များ ထုတ်ယူသုံးစွဲရေးဆိုင်ရာကိစ္စ နှင့် ပတ်သက်၍   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊   ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြရာ ပြည်နယ်    အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍   တက်ရောက် လာကြသော ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊    ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ များ  ထုတ်ယူသုံးစွဲရေး လုပ်ငန်း နှင့် ပတ်သက်၍ မြန်မြန်ဆန်ဆန် အကောင်အထည်   ဖော်နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားသည်။

တင်ထွန်း(ပြန်/ဆက်)