နေပြည်တော် ဖေဖော်ဝါရီ ၁၈
(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲကို ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း စစ်ရေး ပြကွင်း၌ စတင်ကျင်းပရာ (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ် ကြားထားသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ နံနက်ပိုင်းပွဲစဉ်များ အဖြစ် (က)အဆင့် ပြိုင်ပွဲမှ စစ်တက္ကသိုလ် ကိုယ်စားပြု အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြုအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြုအသင်းတို့ကလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲ တွင် နေပြည်တော်တိုင်းစစ် ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲအသင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၁) တပ်ခွဲအသင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) တပ်ခွဲအသင်းတို့ ယှဉ်ပြိုင်ကြ သည်။
ညနေပိုင်း ပွဲစဉ်များအဖြစ် (ခ)အဆင့်ပြိုင်ပွဲမှ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်ကိုယ်စားပြု အသင်း၊ အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု အသင်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲအသင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



