နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှုများ လွယ်ကူချောမွေ့စေရေး Vehicle Monitoring System အသုံးပြုစစ်ဆေး ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြု

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၈


စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန် စွာ    ဆောင်ရွက်လာစေရေး  ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပို့ကုန်တင်ပို့သည့်ယာဉ်များက ကုန်ပစ္စည်း များ သယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေး အတွက်လည်းကောင်း၊   ကုန်ပစ္စည်းစစ်ဆေးခြင်း လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ ကုန်ပစ္စည်း သယ်ဆောင်ခွင့် လက်မှတ်များကို Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ 

 


အဆိုပါအစီအစဉ်အရ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်           ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူယနေ့ တွင် ပို့ကုန်ယာဉ်များက QR Code ကို အသုံးပြု၍ ကုန်ပစ္စည်း သယ်ဆောင်တင်ပို့နေခြင်းကို မန္တလေး ၁၆မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌  သွားရောက် စစ်ဆေးသည်။ 

 


ထိုသို့ စစ်ဆေးကြည့်ရှုစဉ် ပို့ကုန်ပစ္စည်းများကို နယ်စပ်မှတင်ပို့ရာတွင် ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ် ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထား ခွင့်ပြုနေသည့် အစီအစဉ်များ၊ စစ်ဆေးဆောင်ရွက် ရာတွင် တွေ့ကြုံရသည့် အခြေအနေများကိုလည်း ကောင်း၊ အဆိုပါအစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ထုံး လုပ်နည်းဆိုင်ရာ    ထုတ်ပြန်ချက်များကိုလည်း ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။    ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ပို့ကုန် လုပ်ငန်းရှင်များ၊ ယာဉ်မောင်းများနှင့်တွေ့ဆုံကာ အခက်အခဲများ   မေးမြန်းညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

              
 သတင်းစဉ်