မကွေး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်က ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့မှ တောင်တွင်းကြီး မြို့နယ် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်းပြည့် ဘုရားကြီးကျောင်းဓမ္မာရုံ၌ ဒေသခံ ပြည်သူများ ဆေးဝါးကုသဆောင် ရွက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ထို့အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေး ကုသရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ တပ်မတော်နယ် လှည့် အထူးဆေးကုသရေးအဖွဲ့သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၅ သိန်း ပေးအပ်သည်။
အဆိုပါ ဆေးကုသရေးအဖွဲ့ သည် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်းပြည့်ဘုရား ကြီးကျောင်းဓမ္မာရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၄၂၇ ဦးအား ဆေးကုသမှု ပြုလုပ် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၁၈ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ခုနစ်ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၂ ဦး၊ အရိုးရောဂါ ၁၁၀၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၆ဦး၊ မျက်စိ ရောဂါ ၈၂ ဦး၊ သွားရောဂါ ၁၃ဦးနှင့် အထွေထွေ ရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ် မှန်ရိုက် လူနာ ၂၀၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် တပ်မတော် အထူး နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုး ရောဂါနှင့် ဆီးချို သွေးချို ရောဂါ များအကြောင်း ကျန်းမာရေး အသိ ပညာပေး ဟောပြောဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ ဆေးကုသရေးအဖွဲ့သည် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်းပြည့်ဘုရားကြီးကျောင်း ဓမ္မာရုံ၌ အခြေပြု၍ ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ရက်အထိ ဒေသခံ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေး မြို့ သင်ကြားရေးဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆေးရုံ ကြီးအတွက် လိုအပ်ချက်၊ ဝန်ထမ်း များ၏ အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းကာ ဆေးရုံ အုပ်ကြီးနှင့် ဝန်ထမ်းများက ကုသရေးဆိုင်ရာ လိုအပ်ချက်များ နှင့် ဝန်ထမ်းလိုအပ်ချက်များ စသည့် တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ် ၁၀ သိန်း ပေးအပ်သည်။ ထို့နောက် ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံကြီး တွင် တက်ရောက်ဆေးကုသမှု ခံယူနေသူ လူနာများနှင့် တွေ့ဆုံကာ အားပေးစကား များ ပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ



