၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈


ပညာရေးဝန်ကြီးဌာန   အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊   ဒီဂရီကောလိပ်၊   ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့်    ဆရာအတတ်ပညာဦးစီးဌာန ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို           ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်          စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊           အားကစားသမားများနှင့် ကျောင်းသား     ကျောင်းသူများ   တက်ရောက်ကြ သည်။

 


အားကစားပြိုင်ပွဲဖွင့်လှစ်ပေး 


အခမ်းအနားတွင်        ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ကျင်းပသော အားကစား ပြိုင်ပွဲများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ၏   ဂုဏ်သိက္ခာနှင့်အညီ  စည်းလုံးညီညွတ်စွာ စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားရင်း  အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားကာ အားကစား ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ   အားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို    လွှင့်တင်၍    ပြိုင်ပွဲဝင် အားကစားအဖွဲ့များက  အားကစားသစ္စာ  အဓိဋ္ဌာန် ရွတ်ဆိုကြသည်။ 

 


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးတို့က အားကစားသမားများ အား လိုက်လံနှုတ်ဆက်ကြသည်။

 


တင်ဆက်ပြသ


ဆက်လက်၍  မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းသား   ကျောင်းသူလေးများက     Fitness Dance၊ တောင်ငူပညာရေးဒီဂရီကောလိပ်က ကဗျာ လွတ်အက၊  မုံရွာပညာရေးဒီဂရီကောလိပ်က မြန်မာ့ သိုင်း၊ ရန်ကင်းနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ် များက ဝူရှူးအားကစားနှင့်  သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်က      တိုက်ကွမ်ဒိုအားကစားတို့ဖြင့် တင်ဆက်ပြသကြသည်။

 


ဖွင့်ပွဲအခမ်းအနားအပြီးတွင်       အမျိုးသား ဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ တောင်ကြီး ပညာရေးဒီဂရီကောလိပ်က   ပြည်ပညာရေးဒီဂရီ ကောလိပ်ကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

 


တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတို့ကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက်မှ လူမှုရေး ဦးတည်ချက်ဖြစ်သော  တစ်မျိုးသားလုံး   ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊   အားကစားပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများမှ သည် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက် သစ်       အားကစားသမားများ      ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

 


အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များကို အောက်မြန်မာပြည် ဇုန်လေးခုနှင့်     အထက်မြန်မာပြည်    ဇုန်လေးခု သတ်မှတ်၍   လူရွေးပွဲများကို   သက်ဆိုင်ရာ  ဇုန် အလိုက် မြို့များတွင်ကျင်းပခဲ့ပြီး ဗဟိုအဆင့်ဘောလုံး ပြိုင်ပွဲတွင် အားကစားသမား ကျောင်းသား၊ အုပ်ချုပ်၊ နည်းပြ စုစုပေါင်း ၂၀၀ ပါဝင်ကြမည်ဖြစ်သည်။

 


ယှဉ်ပြိုင်ကစားကြမည်


ပညာရေးဒီဂရီကောလိပ်များမှ အားကစားသမား ကျောင်းသား   ကျောင်းသူများသည်   ရန်ကုန်ဇုန် (အောက်မြန်မာပြည်ဇုန်)မှ ၄၇၁ ဦးနှင့် မန္တလေးဇုန် (အထက်မြန်မာပြည်ဇုန်)မှ ၄၁၃ ဦး စုစုပေါင်း ၈၈၄ ဦးတို့သည်   အားကစားနည်း   သုံးမျိုးဖြစ်သော ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းတို့ ယှဉ်ပြိုင် ကစားကြပြီး ဗဟိုအဆင့်တွင် ဇုန်အဆင့်မှ အနိုင်ရရှိ လာသော   ဘောလုံး လေးသင်း၊  ဘော်လီဘော (အမျိုးသား) လေးသင်း၊ ဘော်လီဘော(အမျိုးသမီး) လေးသင်း၊ ပိုက်ကျော်ခြင်း လေးသင်းတို့ ယှဉ်ပြိုင်ကြ မည်ဖြစ်ကာ ပြေးခုန်ပစ်ကစားနည်းကို ပညာရေးဒီဂရီ ကောလိပ်ကျောင်းမှ ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်