ပြည်သူများ သွားလာရေးနှင့်နေထိုင်ရေး လွယ်ကူအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစွမ်းကုန်ကြိုးစားရမည်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈


ဆောက်လုပ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည်   တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်    အဆောက်အဦဦးစီး ဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူ  တည်ဆောက်လျက် ရှိသည့်   ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ   ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ် ဆောင် ဆောက်လုပ်ရေးလုပ်ငန်း ခွင်သို့ရောက်ရှိရာ     တာဝန်ရှိသူ များက   ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် ကို မြို့ပြ၊ ရေသန့်၊ လျှပ်စစ် စသည် ဖြင့်   အပိုင်းလိုက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊   လုပ်ငန်း လျာထားချက် လက်ရှိဆောင်ရွက် နေမှုနှင့်   ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးမျိုးမြင့် က             ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စု         ဝန်ကြီးက တင်ပြချက်များနှင့်  စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ အသုံး ပြုလိုသော   လိုအပ်ချက်များကို ဆေးရုံ         အဆောက်အဦဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်  စိစစ်ဆောင် ရွက်ပေးသွားရန်နှင့် တည်ဆောက် ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်း    ပြီးစီးရေးအလေးထား ဆောင်ရွက်ရန်တို့ကို        မှာကြား ပြီး               လုပ်ငန်းခွင်အတွင်း  လိုက်လံကြည့်ရှု            စစ်ဆေး သည်။

 


ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့်          ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း များ ၅၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးလျက်ရှိပြီး သတ်မှတ်ချိန် အတွင်း      ပြီးစီးရေး   အလေးထား ဆောင်ရွက်လျက်ရှိသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး         လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန် တိုင်းဒေသကြီး           အတွင်းရှိ အဆောက်အဦ၊  လမ်း၊  တံတား၊ မြို့ပြနှင့်   အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၊ အထူးအဖွဲ့များ၊ သင်္ဃန်းကျွန်း ခရိုင်၊ ကမာရွတ်ခရိုင်၊ သန်လျင် ခရိုင်၊ တွံတေးခရိုင်၊ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊  မှော်ဘီခရိုင်နှင့် အင်းစိန်ခရိုင်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြား သည်။

 


တွေ့ဆုံပွဲတွင်   ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)ဦးထင်ကျော်က   တိုင်းဒေသကြီး အတွင်း ဆောင်ရွက်လျက်ရှိသော အဆောက်အဦ၊  လမ်း၊  တံတား လုပ်ငန်းများ  ဆောင်ရွက်နေမှု အခြေအနေတို့ကို   အသေးစိတ် ရှင်းလင်းတင်ပြရာ  ပြည်ထောင်စု ဝန်ကြီးက  လုပ်ငန်းလိုအပ်ချက် များ မှာကြားသည်။

 


ကြိုးစားဆောင်ရွက်စေလို


ယင်းသို့          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  ရန်ကုန် တိုင်းဒေသကြီးအတွင်း လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ            ဖွံ့ဖြိုး တိုးတက်ရေးအတွက်    မိမိတို့ တာဝန်ယူ            ဆောင်ရွက်သော လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊   မိမိတို့   ဝန်ကြီးဌာန၏ အဓိကတာဝန်သည် ပြည်သူများ သွားလာရေးနှင့်           နေထိုင်ရေး လွယ်ကူအဆင်ပြေစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်း ကုန်   ကြိုးစားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း   စည်းမျဉ်း  စည်းကမ်း များနှင့်အညီ   လိုက်နာနေထိုင်ပြီး မိမိတိုင်းဒေသကြီး           အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း များကို      တိုးတက်အောင်မြင် အောင် ကြိုးစားဆောင်ရွက်စေလို ကြောင်း၊   လုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲ များရှိပါက ပွင့်ပွင့်လင်းလင်းအချိန် မရွေးတင်ပြနိုင်ကြောင်းပြောကြား ပြီးဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး ကြောင်း သိရသည်။  

သတင်းစဉ်