ရေနံချောင်းမြို့၌ (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မြေစိုက်နံရံကပ်ဘုတ် ပြသဆောင်ရွက်

 

ရေနံချောင်း  ဖေဖော်ဝါရီ   ၁၈


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၇၅)နှစ်မြောက်   မြန်မာ - ရုရှား  သံတမန် ဆက်ဆံရေး   ထူထောင်မှု  အထိမ်းအမှတ် ဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ ခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ပြန်ကြားရေး နှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ     နံရံကပ်ဘုတ်၌ ပြသဆောင်ရွက်သည်။

 


အဆိုပါ နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံ သမ္မတများနှင့်     ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများ      တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလှယ် ဆောင်ရွက်ချက်များ၊ ထိပ်သီးအစည်းအဝေးများ     တက်ရောက်မှု မှတ်တမ်းများ၊    နိုင်ငံပိုင်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာကြည့်ရှုနေမှုမှတ်တမ်း ဓာတ်ပုံများနှင့်   နှစ်နိုင်ငံ   ချစ်ကြည်ရင်းနှီး မှု    ဆောင်ရွက်ချက်များကို    ပြသထားရှိရာ လမ်းသွားလမ်းလာပြည်သူများက   စိတ်ဝင် တစား   ကြည့်ရှုလေ့လာကြကြောင်း  သိရ သည်။                             
မြို့နယ်(ပြန်/ဆက်)