(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကျင်းပမည်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၈


(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို “The Fight   Against  Zoonotic  Diseases: A one Health Approach” - “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ များကို တစ်ခုတည်းသော     ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု ဖြင့်    ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဆောင်ပုဒ်နှင့် ကျင်းပမည်ဖြစ်သည်။

 


ညီလာခံတွင် အခြေခံသုတေသနစာတမ်း ၁၈ စောင်၊  အသုံးချ သုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း ၈ စောင်၊   သုတေသနပိုစတာစာတမ်း   ၃၄  စောင်တို့ကို   တင်သွင်း ဖတ်ကြားပြသသွားရန် စီစဉ်ထားရှိသည်။ 
ပြည်တွင်းမှ    မြန်မာသုတေသီများသာမက   အမေရိကန်၊  ဂျပန်၊    တောင်ကိုရီးယားနိုင်ငံများမှ   ပညာရှင်များပူးပေါင်း၍  ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်သည်။ 

 


ညီလာခံကို   ၂၀၂၃  ခုနှစ်  ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက်အတွင်း ဆေးသုတေသနဦးစီးဌာန၊  အမှတ်(၅)  ဇီဝကလမ်း၊  ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။                                     

သတင်းစဉ်