“ တရုတ် - လာအို - ထိုင်း ” ခရီးစဉ်အပြည့် အသွားအပြန်ရထား ပထမဆုံးခရီးစဉ်စတင်

 

ပေကျင်း  ဖေဖော်ဝါရီ   ၁၇


“တရုတ်-လာအို-ထိုင်း” ခရီးစဉ်အပြည့် အသွားအပြန်ရထား ပထမဆုံး ခရီးစဉ်ကို ဖေဖော်ဝါရီ ၇ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

 


ယင်းနေ့ညနေပိုင်းက လတ်ဆတ်သော ဟင်းသီးဟင်းရွက်တန်ချိန် ၂၈၀ ခန့် တင်ဆောင်ထားသော အအေးခန်းကွန်တိန်နာ ၁၉ လုံးပါဝင် သည့် တရုတ်-လာအိုရထားလမ်း နိုင်ငံတကာကုန်ပစ္စည်းရထားတွဲသည် ယူနန်ပြည်နယ် China United International Rail Containers ကုမ္ပဏီလီမိတက်ကူမင်းဗဟိုဘူတာမှ စတင်ထွက်ခွာပြီး “တရုတ်-လာအို-ထိုင်း” ခရီးစဉ်အပြည့် အသွားအပြန်ရထား ပထမဆုံးခရီးစဉ် စတင်ခဲ့ကြောင်း သိရသည်။                                                                          

သီရိ