
နေပြည်တော် ဖေဖော်ဝါရီ ၁၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ် လျက်ရှိသည်။
ကြိုဆိုလက်ခံ
ယနေ့နံနက်ပိုင်းတွင်လည်း တမူးမြို့၊ မတူပီမြို့၊ ပခုက္ကူမြို့၊ ရွှေဘိုမြို့နှင့် ပေါက်မြို့တို့ရှိ တပ်နယ်ခန်းမများ၌ ပြန်လည် ကြိုဆိုလက်ခံခြင်းကို အသီးသီး ပြုလုပ်ကြရာ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြ သည်။
လွှဲပြောင်းအပ်နှံပေး
ဦးစွာ တာဝန်ရှိသူများက အမှာစကားများ ပြောကြားပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများ နှင့် အသိပညာပေးစကားများကို ရှင်းလင်း ဆွေးနွေးပြောကြား သည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်နှင့် ပေါက်မြို့၊ ချင်း ပြည်နယ် မတူပီမြို့နယ်တို့မှ PDF/ CDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တစ်ဦး တို့ကို ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးကြသည်။
ပြန်လည်ဝင်ရောက်
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်