
နေပြည်တော် ဖေဖော်ဝါရီ ၁၇
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော် သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေ လျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုး ရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် ရေးသားသည့် “အဂတိကင်းကွာ ပြည်သာယာ” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင် သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဖေဖော်ဝါရီလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်တွင် ဦးဟန်ညွန့် (ဥပဒေ)၊ K. M. A၊ သန့်လွင်ထွန်း(MPA)တို့၏ “အဂတိကင်းကွာ ပြည်သာယာ” မျက်နှာဖုံးဆောင်းပါးများ၊ ဒေါက်တာ ခင်မောင်ညို၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ ဝင်းထွဋ်ဦး၊ ထက်ဝေအောင် (စစ်ကိုင်း)၊ တွဲဖက်ပါမောက္ခ ဦးလွင်မြင့်တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ မောင်ပေါ်ထွန်း၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါး၊ အေးထွန်းမင်း၊ စန်းစန္ဒီဇော် (စာပေဗိမာန်)၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ-အင်္ဂလိပ် ဘာသာစကား)တို့၏ နိုင်ငံတကာနှင့် ဒီမိုကရေစီဆိုင်ရာ ဆောင်းပါး များ၊ ဦးစိုင်းကျော်သူ၏ ရွေးကောက်ပွဲဆိုင်ရာဆောင်းပါး၊ မြသိန်း၊ ပါမောက္ခကိုကိုအောင်၊ လဲ့လဲ့ဝင်း (သတ္တဗေဒ) တို့၏ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၏ အကြမ်းဖက်မှုဆိုင်ရာဆောင်းပါး၊ စံမြတ် ဘုန်း (စစ်ကိုင်း)၊ ဒေါက်တာ မြင့်သန်းတို့၏ မူးယစ်နှင့် ကျန်းမာရေး ဆိုင်ရာဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ)၊ မောင်မောင်မြင့် သိန်း (စက်မှုတက္ကသိုလ်) တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ နေ၊ စိုးစိုး (ပန်းတောင်း)၊ လင်း - ဆေး(၁)၊ ဆောင်းဝင်းလတ်၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ မော်(သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက် ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ် လျှင် ကျပ် ၃၅ဝဝ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇- ၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည် လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ဝ၂- ၄ဝ၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်