Naypyitaw State Academy လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၇
Naypyitaw State Academy တွင် ကျောင်းသား ကျောင်းသူများ ဥပဒေဆိုင်ရာ အသိပညာတိုးပွားစေရန်နှင့် လူကုန်ကူးမှု အန္တရာယ်ကို နားလည်သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂  နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားတွင်    Naypyitaw  State  Academy       ဒုတိယ ပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က ဟောပြောပွဲ ကျင်းပ ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဥပဒေရေးရာဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီစန်းက လူကုန်ကူးမှုဖြစ်ပေါ်လာရခြင်း    အကြောင်းရင်းများ၊    လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးခံရသူနှင့် သက်သေများအား အကာအကွယ်ပေး ခြင်းနှင့် အကူအညီပေးခြင်းအစီအစဉ်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို  အသိပညာပေး  ဆွေးနွေးဟောပြောသည်။ ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က   လာရောက်ဟောပြော၊   အသိပညာဖြန့်ဝေပေး သူများကို အမှတ်တရဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။    သတင်းစဉ်