ဒုတိယဝန်ကြီး ဦးအေးထွန်း သီတဂူဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား

 

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၇


ပြင်ဦးလွင်မြို့   ထုံးဘိုကျေးရွာ သီတဂူ  နွေရာသီစံကျောင်းတော် ၌ သီတင်းသုံးတော်မူသည့် နိုင်ငံ တော်ဩဝါဒါစရိယ ရွှေကျင်နိကာ ယ  ဥက္ကဋ္ဌ  မဟာနာယက ရွှေကျင် သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊  အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိ က၊     သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိမဟာနာယက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ  သီတဂူဆရာ တော်ဘုရားကြီးအား      သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည်  ယမန်နေ့  မွန်းလွဲ ၁ နာရီတွင်  သွားရောက် ဖူးမြော်ကန်တော့ကာ    သာသနာ ရေးဆိုင်ရာများ   လျှောက်ထား သည်။

 


ရှေးဦးစွာ   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီးသည် သီတဂူဆရာတော် ဘုရားကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး        တရုတ် ပြည်သူ့သမ္မတနိုင်ငံ   ယူနန်ပြည် နယ် လောရန်မြို့ မြင်းဖြူကျောင်း တော်ရှိ ရွှေတိဂုံပုံတူစေတီတော် ပြန်လည်ပြုပြင်  မွမ်းမံရေးကိစ္စ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် အလှူခံကြွရောက်မည့်   ပြည်ပ ဘွဲ့ခံဆရာတော်ဘုရားကြီးများ၏ ကြွရောက်လာကြမည့်     အခြေ အနေများကို တင်ပြလျှောက်ထား ပြီး သီတဂူနွေရာသီစံကျောင်းတွင် တည်ထားလျက်ရှိသည့်   သီတဂူ ဆန်ချီစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ     သီတဂူ ဆန်ချီစေတီတော်အတွက်     နဝ ကမ္မဝတ္ထုငွေများ ပေးအပ်လှူဒါန်း ခဲ့သည်။


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်    ဘုရားကြီးသို့ သွားရောက်ဖူးမြော်   ကြည်ညို၍ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်း ကာ အလှူငွေများ ပေးအပ်လှူဒါန်း ပြီး   ပြင်ဦးလွင်မြို့ရှိ  ရွှေစင်မင်း သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်ကာ  ပညာသင်ကြား နေမှု၊ ဆရာ ဆရာမများကို နိုင်ငံ တော်အစိုးရက ချီးမြှင့်ထောက်ပံ့ ငွေပေးအပ်မှု၊ သီလရှင်သင်ပညာ ရေးကျောင်း        ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြား နေမှုအခြေအနေများကို ဆွေးနွေး ၍ လိုအပ်သည်များကို တိုင်းဒေသ ကြီး  /  မြို့နယ်သာသနာရေးမှူး များနှင့်    ပေါင်းစပ်ညှိနှိုင်းပေး၍ ဝတ္ထုငွေများ  ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်