ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ     ရုရှား အရှေ့ဖျား   ဖက်ဒရယ်တက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စု သမ္မတ      မြန်မာနိုင်ငံနှင့်   ရုရှား ဖက်ဒရေးရှင်း       နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး   (၇၅)   နှစ် မြောက်    စိန်ရတုအထိမ်းအမှတ် အခမ်းအနားကို        ယနေ့တွင် Virtual စနစ်ဖြင့် ကျင်းပသည်။

 


အခမ်းအနားတွင်           ရုရှား အရှေ့ဖျား   ဖက်ဒရယ်တက္ကသိုလ် ဒုတိယဥက္ကဋ္ဌ Dr Evgeny Vlasov ၊ ရုရှား      ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး     ဦးလွင်ဦး၊ ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံ ဆိုင်ရာ    ရုရှားသံအမတ်ကြီး    Dr Nikolay Listopadov ၊    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   အမြဲတမ်း အတွင်းဝန်  ဒေါက်တာ  စိုင်းကျော် နိုင်ဦး၊     နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးအောင်ကို တို့က   မြန်မာ - ရုရှား  သံတမန် ဆက်ဆံရေးထူထောင်မှု    စိန်ရတု အထိမ်းအမှတ်ဆိုင်ရာ အဖွင့်အမှာ စကားများ    ပြောကြားကြသည်။

 


အဆိုပါ    စကားဝိုင်းဆွေးနွေးပွဲ တွင်   နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲရေး   ကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း များ၊    လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊  နျူကလီး ယား နည်းပညာအား    ငြိမ်းချမ်း သောရည်ရွယ်ချက်ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့် ပူးပေါင်း    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်    အခြေ အနေများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့်    အလားအလာများကို  ဆွေးနွေးပြောကြားကြသည်။

 


စကားဝိုင်း      ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနမှ  ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ အောင်ဆွေ ထွန်း၊ ရုရှား - မြန်မာ ချစ်ကြည်ရေး အသင်းမှ   ဦးမျိုးမြင့် အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊  ပညာရေး နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကိုယ်စားလှယ်များ   တက်ရောက် ခဲ့ကြပြီး    သိရှိလိုသည်များကို ပါဝင်         ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

     
 သတင်းစဉ်