ယခုသီတင်းပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ ပြည်ပပို့ ပဲမျိုးစုံ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ ပြည်ပမှ တန်ချိန်သောင်းချီ၍ စားအုန်းဆီဝင်ရောက်လာပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက် ရန်ကုန်၌ မွန်းလွဲပိုင်း ဈေးနှုန်းများမဖွင့်ဟု သိရသည်။ အလှယ်လက်ငင်းစျေး တစ်ပိဿာ ကျပ် ၆၈၀၀ နှုန်းရှိခဲ့သည်။
ဆန်
ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်ဆန်ဈေးကွက်တွင် ၂၅ မှတ် ဧည့်မထဆန် တစ်အိတ် ကျပ် ၅၃၀၀၀၊ သီးထပ်ဆန်ကြမ်းအသစ် တစ်အိတ် ကျပ် ၅၅၀၀၀၊ ရက် ၉၀ ဆန်ကြမ်း အသစ်တစ်အိတ် ကျပ် ၆၁၀၀၀၊ ပေါ်ကျွဲအသစ် ကျပ် ၆၁၀၀၀၊ ခွံနီတစ်အိတ် ကျပ် ၆၄၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းဆန်အသစ် တစ်အိတ်ဈေးနှုန်းမှာ ရွှေဘို ကျပ် ၈၀၀၀၀-၈၇၀၀၀၊ ပုသိမ်/မြောင်းမြ ကျပ် ၇၄၀၀၀-၇၆၀၀၀၊ ဖျာပုံ ကျပ် ၇၀၀၀၀-၇၃၀၀၀၊ ရွှေဘိုအဟောင်း ကျပ် ၁၀၀၀၀၀-၁၇၀၀၀၀၊ မြောင်းမြအဟောင်း ကျပ် ၇၉၀၀၀ - ၈၅၀၀၀ နှုန်းရှိသည်။
စားအုန်းဆီ
ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ အခြေခံလက်ကား ရည်ညွှန်း စားအုန်းဆီ တစ်ပိဿာဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာ ၁၀ ကျပ်သာ ဈေးတက်ပြီး ကျပ် ၄၄၉၀ နှုန်းသာရှိသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ပဈေးတစ်တန်လျှင် ၉၅၅ ဒေါ်လာနှုန်းသို့ ထပ်မံဈေး ကျသည်။ ယခုအပတ်အတွင်း ပြည်ပဆီ တန်ချိန် နှစ်သောင်းကျော် ဝင်ရောက်နေသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အလှယ်လက်ကား ပီပါဈေး တစ်ပိဿာ ကျပ် ၆၅၅၀ နှုန်းသာရှိသည်ကို ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရသည်။ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းတွင် ကျပ် ၆၈၀၀ နှုန်း ဈေးဖွင့်လာကြပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် တစ်ပိဿာ ကျပ် ၇၀၀၀ နှုန်းအထိ ဈေးမြင့်တက်လာသည်။
ပဲအမျိုးမျိုး
ပဲဈေးနှုန်းများ အတက်ကြမ်းနေသည်ကို တွေ့ရသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲတီစိမ်းအတက်ရပ်ပြီး ဈေးအနည်းငယ်ပြန်ကျသည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပဲတီစိမ်းခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿာ ကျပ် ၃၉၁၅-၄၀၃၅ နှုန်းရှိရာမှ ဖေဖော်ဝါရီ ၁၄ ရက်တွင်မူ ကျပ် ၃၉၁၅-၄၀၀၀ နှုန်းသာရှိသည်။ ယင်းနေ့တွင် မတ်ပဲ (RC) တစ်တန် ကျပ် ၁၈၈၃၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၂၁၈၀၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၂၁၀၀၀၀၀ နှုန်းရှိပြီး ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၀၀၀-၄၃၅၀ နှုန်းသာ ရှိသည်။
ကြက်သွန်နီ
ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်ဈေးကွက်သို့ နယ်စုံမှ ကြက်သွန်နီ ပိဿာချိန် တစ်သိန်းရှစ်သောင်း ဝင်ရောက်လာသည်။ ယင်းနေ့တွင် လက်ကားကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများမှာ ဆိပ်ဖြူ ကျပ် ၁၀၀၀-၁၂၀၀၊ မုံရွာ ကျပ် ၈၀၀-၉၅၀၊ မြစ်သား ကျပ် ၁၃၀၀-၁၆၀၀ နှုန်း အသီးသီးရှိသည်။
အောင်ခင်နိုင်



