သုတဝေဖြာ သီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ်၊ လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်

 

နေပြည်တော်    ဖေဖော်ဝါရီ   ၁၆


သုတဝေဖြာသီရိဂေဟာ    မိသားစုပြိုင်ပွဲ    အသိ ပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်  ၁၀၅ ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား၏ MRTV–HD Channel မှ   ဆက်လက် ထုတ်လွှင့်မည် ဖြစ်သည်။ 

 


အဆိုပါ   ကိုဗစ်-၁၉ ဆိုင်ရာ   အသိပညာမျှဝေမှု   အစီအစဉ်ကို    အစီအစဉ်တင်ဆက်သူ   စိုးသီဟ နှင့်    သဲဆုဇော်တို့က   တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ  မိသားစုများ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ရာ    ယင်းပြိုင်ပွဲများကို   ၂၀၂၃  ခုနှစ်  ဖေဖော်ဝါရီ   ၁၇၊    ၁၈  နှင့်    ၁၉  ရက်နေ့များတွင်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   MRTV-HD  မှ    ည ၇ နာရီခန့်တွင်   ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်