၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက် လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ရှိ SHWE Phase 3 Development ဧရိယာတွင် Offshore Jacket Installation လုပ်ငန်းများအား HYUNDAI 2500 နှင့် အထောက်အကူပြုရေယာဉ် များဖြစ်သော LANPAN 26, LANPAN 34 တို့ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၄၈.၃၉ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၂ ဒီဂရီ ၃၀ မိနစ် ၄၈.၁၈ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၄၈.၉၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၄ မိနစ် ၁၄.၂၇ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၈ မိနစ် ၃၃.၇၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၄ မိနစ် ၁၄.၇၉ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၈ မိနစ် ၃၃.၂၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၀ မိနစ် ၄၈.၇၆ စက္ကန့် တို့အတွင်းတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ရှိ SHWE Phase 3 Development ဧရိယာတွင် Offshore Jacket Installation လုပ်ငန်းများအား HYUNDAI 2500 နှင့် အထောက်အကူ ပြု ရေယာဉ်များဖြစ်သော LANPAN 26, LANPAN 34 တို့ဖြင့် လုပ်ငန်း များ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာ များမှ ၄ ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိ ပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထား ခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ် ကြရန် အသိပေးကြေညာအပ်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာန



