တနင်္သာရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်း သည့် ကျေးရွာ အများစုတွင် ဂျင်း (သွေးခုံး) ကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာ ပြီး ဂျင်း (သွေးခုံး) သားပေါက်များ စျေးကောင်းရလျက် ရှိကြောင်း သိရသည်။
ဂျင်း (သွေးခုံး) သားပေါက် တို့သည် ရေကန်တောင်ကျေးရွာ တွင် အများဆုံး ထွက်လေ့ရှိပြီး ဂျင်း (သွေးခုံး) မွေးမြူခြင်း လုပ်ငန်းအတွက် သားပေါက်များ အများအပြားဝယ်ယူပြီး ပြန်လည် ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် တွင် ဂျင်း (သွေးခုံး) သားပေါက် ရှားပါးခြင်းနှင့် အများအပြား ဝယ်ယူခြင်းကြောင့် ဈေးတက် သွားခြင်းဖြစ်ကြောင်း၊ ယခင်က တစ်ခြင်းလျှင် အထိုင်ဈေးကျပ် နှစ်သိန်းကျော်သာရှိပြီး ဂျင်း (သွေးခုံး) သားပေါက် အရနည်း ခြင်း၊ စောင့်ဆိုင်းရခြင်းကြောင့် တစ်ဆင့်ခံရောင်းချသူများက ကျပ် လေးသိန်းကျော်ဖြင့် ပြန်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ယခင်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ တွင် ဂျင်း (သွေးခုံး) သားပေါက် ၂၅ ကီလိုပါ တစ်ခြင်းလျှင် ကျပ် နှစ်သိန်းခန့်သာ ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် ကျွန်းစုမြို့နယ် ၌ ဂျင်း (သွေးခုံး) သားပေါက် ၂၅ ကီလိုပါ တစ်ခြင်းလျှင် ကျပ် လေးသိန်းကျော်အထိ ပေါက်ဈေး ရှိပြီး ဈေးကောင်းရလျက်ရှိ ကြောင်း၊ ဂျင်း (သွေးခုံး) သားပေါက် တစ်ကီလိုလျှင် ကျပ် ၁၈၀၀၀ မှ ၃၀၀၀၀ ခန့်ရှိပြီး စျေးကွက်ဝင် ဂျင်း (သွေးခုံး) အကောင်ကြီး တစ်ကီလိုလျှင် ကျပ် ၆၅၀၀ ခန့်ရှိကြောင်း သိရ သည်။ ဈေးကွက်အနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်း နိုင်ငံသို့ မောတောင်နယ်စပ် ဂိတ်မှတစ်ဆင့် အများဆုံးတင်ပို့ ရောင်းချလျက်ရှိကြောင်း သတင်း ရရှိသည်။
DOCA(တနင်္သာရီ)



