PDF အမည်ခံအကြမ်းဖက်သမားများ အကြောင်းမဲ့ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေး၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၆


စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း (အရာတော်) ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား ကျောင်းသူများ စီးနင်း လိုက်ပါလာသော မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့်    အပြစ်မဲ့     ကျောင်းသား ကျောင်းသူ ၁၀ ဦး    မိုင်းစထိမှန်   ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦး    သေဆုံးခဲ့သည့်    သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၄၂ သိန်း၊  တိုင်းစစ် ဌာနချုပ်မှ ထောက်ပံ့သည့်ငွေကျပ် ၁၇ သိန်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးမှ   ထောက်ပံ့သည့်    ငွေကျပ် ၁၇ သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် ၇၆ သိန်းနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်သည်။

 


ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုကြမည့် တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအား နယ်မြေခံတပ် တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

 


ထို့နောက်     တိုင်းမှူးနှင့်    အဖွဲ့ဝင်များသည် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ   စားသောက်ဖွယ်ရာများ   ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်