ဒုတိယဝန်ကြီး ဦးဝင်းဖေ နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းရှိ Charging Station ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေး အလေးဂရုပြုဆောင်ရွက်ရန် မှာကြား

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆


လျှပ်စစ်သုံးယာဉ်များ    ပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက် အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ    ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီး     ဌာန ဒုတိယဝန်ကြီး      ဦးဝင်းဖေသည် လုပ်ငန်းကော်မတီ        အဖွဲ့ဝင်၊ ကော်မတီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ            အတွင်း လျှပ်စစ်သုံးယာဉ်များ    ပြေးဆွဲ/ အသုံးပြုရေးအတွက်   ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NPK Motors Co.,Ltdမှ တည်ဆောက် လျက်ရှိသည့်        နေပြည်တော် သပြေကုန်းရှိ Charging Station တည်ဆောက်လျက်         ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ NPK Motors Co.,Ltd၏ တာဝန်ရှိသူက လုပ်ငန်း     ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး     Charging Station     တည်ဆောက်ခြင်းနှင့်  လျှပ်စစ်သုံးတက္ကစီယာဉ်      BYD အား    လျှပ်စစ်အားသွင်းခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း လုပ်ငန်း ဆောင်ရွက်ပုံ     သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Charging Stand များ  တပ်ဆင်ရန်    နေရာချထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က   လျှပ်စစ်ကားများ    အသုံးပြု လာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ    အသုံးပြု နိုင်ရေးအတွက် ပြည်သူများအသုံး ပြုမှုများပြားသော ဈေးဝယ်စင်တာ များ၊     ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းနေရာ များတွင် လွယ်လင့်တကူအားသွင်း နိုင်ရေးအတွက်       နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိသည့် အပြင်    လျှပ်စစ်ယာဉ်များနှင့်  ပတ်သက်သည့် ဘေးကင်းလုံခြုံမှု ဆိုင်ရာ   ကိစ္စရပ်များကို   လုပ်ငန်း တာဝန်များ သတ်မှတ်၍ ဆောင် ရွက်လျက်  ရှိပါကြောင်း၊ သို့ဖြစ်၍ Charging  Station များ တည် ဆောက်ရာတွင်လည်း လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊    အရည် အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန်   အချိန်မီပြီးစီးရေး တို့ကို အလေးဂရုပြု ဆောင်ရွက် ရန် မှာကြားသည်။

 


ပြည်သူများ အသုံးပြုရာတွင်  အဆင်ပြေ     ချောမွေ့စေရေး အတွက်     လျှပ်စစ်သုံးယာဉ်များ အတွက် Charging Stationများကို နေပြည်တော်ကောင်စီ   နယ်မြေ အတွင်း၌  သုခတော်ဝင်အိမ်ရာ ရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊  ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နား     စခန်း  စသည့်           တည်နေရာများတွင် လည်းကောင်း၊    ရန်ကုန်မြို့တွင် ရန်ကုန်    အပြည်ပြည်ဆိုင်ရာ လေဆိပ်၊       ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊     သီရိ မင်္ဂလာဈေး၊    သခင်မြပန်းခြံ၊ မန္တလေးမြို့တွင်    မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေး ပြေးကားဝင်းများ   စသည့်နေရာ များတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင် (၁/၀)တိုးလ်ဂိတ်၊ မိုင်တိုင်   (၁၁၅/၀)  ဖြူး ယာဉ်ရပ်နားစခန်း၊      မိုင်တိုင်   (၂၀၁/၀)  နေပြည်တော် ယာဉ်ရပ်နားစခန်း၊     မိုင်တိုင် (၂၈၄/၀) သီးကုန်း ယာဉ်ရပ်နား စခန်း၊ မိုင်တိုင် (၃၅၂/၀) စကား အင်း   ယာဉ်ရပ်နားစခန်း စသည့် နေရာတို့တွင်  ဆောက်လုပ်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်