ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ပဲခူး  ဖေဖော်ဝါရီ   ၁၆


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ  ဖေဖော်ဝါရီ ၁၆ ရက်က  ကဝမြို့နယ်အတွင်း   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းနှင့် အဖွဲ့သည် အလယ်ကျေးရွာအနီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈ ဒသမ ၅ သန်းဖြင့် ရိုးပိတ်မြေသားတမံသုံးခုပြုလုပ်၍   နွေစပါး  ဧက ၁၅၀  တိုးချဲ့စိုက်ပျိုးနေမှုကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိရေး၊   ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သွင်းအားစုများ အချိန်မီရရှိရေး တာဝန် ရှိသူများအား မှာကြားသည်။ ယင်းနောက် အုန်းနှဲစံပြ ကျေးရွာ   အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး   ကျောင်းသား   ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်    စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး     ဆရာ    ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ အဆိုပါကျောင်းဝန်း အတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက် တန်းကျောင်း တစ်ထပ်ကျောင်းဆောင်သစ် ဆောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည်   ကဝမြို့နယ်   ဇွဲဘာကျေးရွာရှိ  ဦးခင်ဦး၏ ပဲတီစိမ်း ဧက ၂၀ ခူးဆွတ်နေမှုကို ကြည့်ရှုအားပေး ခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်း နွေစပါးစိုက်ပျိုးနိုင် ရေး ရေရရှိနိုင်မည့် နည်းလမ်းများအား တင်ပြရန် တာဝန်ရှိသူများအား   မှာကြားသည်။ ဆက်လက်၍ ကဝမြို့ (၁)ရပ်ကွက်အတွင်း ဆိုလာရေတင်စနစ်ဖြင့်  အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆားငန်ခံနွေစပါး    ဧက ၁၅၀  စိုက်ပျိုးထားရှိမှုနှင့်  ထုံးကြီးကျေးရွာ တစ်ကွင်းတစ်ဆက်တည်း   နွေစပါး   ၁၈၇  ဧက စိုက်ပျိုးထားရှိမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများအား ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေး များ၊  ဓာတ်မြေဩဇာများ  ထောက်ပံ့ပေးအပ်သည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကဝ-ရှမ်းကန်-သပြုလမ်း အကျယ် ၁၈ ပေ၊ အရှည် ငါးဖာလုံ     ကွန်ကရစ်လမ်းခင်းနေမှုကို   ကြည့်ရှု စစ်ဆေးသည်။  ထို့နောက်   ကဝမြို့နယ်  သပြု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ဒေသထွက်   သံနှင့်  ဒန်သတ္တု  အရည်ကျိုလုပ်ငန်း နည်းပညာဖွံ့ဖြိုးရေးသင်တန်း   ဖွင့်လှစ်သင်ကြား နေမှုကို   သွားရောက်ကြည့်ရှုအားပေးပြီး  ဒေသထွက် သံနှင့် ဒန်သတ္တုအရည်ကျိုလုပ်ငန်းရှင်များအတွက် ကုန်ကြမ်းပစ္စည်းရရှိရေး၊ လုပ်ငန်းသုံးမီတာရရှိရေးနှင့် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ပေးနိုင် ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ ရှမ်းပြည်နယ်  တောင်ကြီးမြို့  ပင်းပတ် သံမဏိစက်ရုံမှ ဒုတိယစက်ရုံမှူး ဦးစိုင်းကျော်ကျော် အောင်  ဦးစီးသည့်  သင်တန်းနည်းပြများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။           
သတင်းစဉ်