ပလက်ဝ ဖေဖော်ဝါရီ ၁၆
ချင်းပြည်နယ် ပလက်ဝမြို့ အ.ထ.က(၁)၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က(၁) ကျောင်း သဇင်ခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းဆင့် စုစုပေါင်း ၄၀၊ အလယ်တန်းဆင့် စုစုပေါင်း ၃၂ ဦး၊ မူလတန်းဆင့် စုစုပေါင်း ၅၀၊ ထက်၊ လယ်၊ မူ စုစုပေါင်း ၁၂၂ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ယင်းပြိုင်ပွဲသို့ အမှတ်(၁၁)တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများသည် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ကြည့်ရှု အားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)



