နေပြည်တော် ဖေဖော်ဝါရီ ၁၆
အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများ၏ ရုပ်သံနှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Asia-Pacific Institute for Broadcas-ting Development – AIBD) ၏ မလေးရှားနိုင်ငံမှ စီစဉ်ကျင်းပသည့် “ငြိမ်းချမ်းမှုအတွက် ရေဒီယို၏ စွမ်းအား” (Tuning into Peace: The Power of Radio) အသိပညာ မျှဝေမှုဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်တွင် Video Conferencing ဖြင့် ကျင်းပရာ အာရှ - ပစိဖိတ် ဒေသတွင်းနိုင်ငံများမှ ကိုယ်စား လှယ်ပေါင်း ၆၀ ခန့်နှင့်အတူ မြန်မာနိုင်ငံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်း လေးဦး တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲကို ငြိမ်းချမ်း ရေးနှင့် သဟဇာတဖြစ်မှုကို ထောက်ခံ အားပေးရန်အတွက် အရေးကြီးသော ဆက်သွယ်ရေး မီဒီယာတစ်ခုအဖြစ် ရေဒီယို အတွက် စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများကို မီးမောင်းထိုးပြရန် နှင့် ဒေသတွင်းရုပ်သံထုတ်လွှင့် သူများအတွက် ပလက်ဖောင်း တစ်ခု ပံ့ပိုးပေးနိုင်ရန် အဓိက ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ရေဒီယိုလုပ်ငန်း သည် ပဋိပက္ခနှင့် အကြမ်းဖက်မှု များ ဖြစ်ပွားစေသော အကြောင်း ရင်းခံများနှင့် အကျိုးဆက်များ အကြောင်း ပြည်သူလူထုအား ပြန်ကြားပေးနိုင်မှုနှင့် ပညာပေး နိုင်မှုများ၊ အုပ်စုအမျိုးမျိုးအကြား တွင် နားလည်မှုနှင့် သည်းခံနိုင်မှု တို့ကို မြှင့်တင်နိုင်မှုများ၊ ငြိမ်းချမ်း မှုကို မြှင့်တင်ရာတွင် ရေဒီယို၏ အခန်းကဏ္ဍ၊ ဘေးအန္တရာယ်နှင့် အကျပ်အတည်း စီမံခန့်ခွဲမှုတွင် ရေဒီယို၏ အခန်းကဏ္ဍနှင့် ရေဒီယို မှတစ်ဆင့် ငြိမ်းချမ်းမှုမြှင့်တင်ခြင်း ကို ပညာပေးခြင်းဆိုင်ရာများအား မလေးရှား၊ ဗီယက်နမ်၊ တူနီးရှား၊ နီပေါနှင့် အိန္ဒိယနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက အမြင် ချင်းဖလှယ်ကာ မျှဝေဆွေးနွေးခဲ့ ကြသည်။
AIBD သည် ယူနက်စကို၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အာရှနှင့်ပစိဖိတ် ဒေသ တွင်းရှိ နိုင်ငံများမှ ရုပ်သံနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရန် ဒေသတွင်းရှိ Free to Air Broadcaster များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၂၆ နိုင်ငံ မှ Full Member အဖွဲ့အစည်း ၄၈ ဖွဲ့နှင့် အာရှ၊ ပစိဖိတ်၊ ဥရောပ၊ အာဖရိက၊ အာရပ်နှင့် မြောက် အမေရိက စသည့်ဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားအနေဖြင့် ၁၉၇၇ ခုနှစ်မှ စ၍ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး AIBD မှ ကြီးမှူး ကျင်းပပြုလုပ်သည့် အစည်း အဝေးများ၊ သင်တန်းများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများသို့ သင့်လျော်သလို စိစစ်ပြီး ပါဝင် တက်ရောက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်



