မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ Myanmar Credit Bureau ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာခရက်ဒစ်ဗျူရို (Myanmar Credit Bureau) ၏ ဥက္ကဋ္ဌ၊ ဒါရိုက်တာ အဖွဲ့ဝင် နှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပသည်။
 အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာလင်းအောင်၊ ဗဟိုဘဏ်ဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အသေးစား၊  အငယ်စားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများနှင့်  စိုက်ပျိုးရေး၊  ကုန်ထုတ်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက်  Access to Credit ၊ Access to Finance ချေးငွေများ၊ Trade Financing  ၊ Credit Facilities များ လွယ်ကူလျင်မြန်စွာရရှိနိုင်ရေး အတွက်  ငွေရေးကြေးရေး   အဖွဲ့အစည်းများတွင် ငွေချေးယူသူများက       အကဲဖြတ်သုံးသပ်ခြင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  မြန်မာခရက်ဒစ်ဗျူရို က ချေးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Credit Risk  Management) ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန် အဓိကလိုအပ်သည့်  ချေးငွေဆိုင်ရာ သတင်းအချက် အလက်များ    ပြည့်စုံမှန်ကန်စွာ   ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ စုစည်းနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်   ရေးဆွဲတင်ပြသွားရန် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက်   မြန်မာခရက်ဒစ်ဗျူရိုမှ  ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်နှင့်   တာဝန်ရှိသူများက   မြန်မာ ခရက်ဒစ်ဗျူရို၏    တိုးတက်ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက        မြန်မာခရက်ဒစ်ဗျူရို (Myanmar Credit Bureau) မှ ဥက္ကဋ္ဌ၊ ဒါရိုက်တာ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ ဤကဲ့သို့ ဗဟိုဘဏ်နှင့် မြန်မာခရက်ဒစ်ဗျူရိုအကြား တွေ့ဆုံ ဆွေးနွေးခြင်းများကို   ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေးချက် များနှင့်အညီ    ဘဏ်လုပ်ငန်းကဏ္ဍ   တည်ငြိမ်စွာ ဖွံ့ဖြိုးရေးအတွက် ချေးငွေဆိုင်ရာ သတင်းအချက် အလက်များ    အချိန်နှင့်တစ်ပြေးညီ   ရရှိနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန်လိုအပ်ကြောင်း ပြောကြား သည်။                                 

သတင်းစဉ်