တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

 

၁။    ၂၀၂၃-ခုနှစ်၊  မတ်လ (၈) ရက်နေ့မှ  (၁၈) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားကြ သော  ကျောင်းသား/ကျောင်းသူများ သိရှိရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်-
  

 (က)    တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး တွင်   ဖြေဆိုကြမည့်   ကျောင်းသား/ကျောင်းသူများ သည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ် ပါသော   စာမေးပွဲဖြေဆိုခွင့်ကတ်ပြား  (Identity Card) များကို ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၀ )ရက် တနင်္လာနေ့မှ စ၍ ထုတ်ယူကြရပါမည်။ 

 

 (ခ)    အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်)  အခြေခံပညာ   အထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ကျောင်းသား/ကျောင်းသူများသည်  မိမိတို့၏  စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity  Card)  များကို   မိမိတို့   ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရပါမည်။
    

 

(ဂ)    ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card)များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရပါမည်။

 


၂။    ကျောင်းသား/ကျောင်းသူများအနေဖြင့်    စာမေးပွဲဖြေဆိုခွင့်ကတ်ပြား  (Identity Card)  များ  ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

 


မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ရက်စွဲ။ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၅ )ရက်။