ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်) တို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅


သံမဏိစက်ရုံ (မြင်းခြံ) Phase-1 ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး     ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဒုတိယဝန်ကြီး  ဦးရင်မောင်ညွန့်၊ ကော်မတီအဖွဲ့ဝင်များနှင့်အတူ စက်ပစ္စည်း ကိရိယာ များ    စစ်ဆေးပြုပြင်နေမှုအခြေအနေနှင့်    ဝန်မပါ စမ်းသပ်လည်ပတ်နေမှုအခြေအနေတို့ကို    ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ သည်    သံရည်ကျိုအလုပ်ရုံနှင့်   အထောက်အကူပြု အလုပ်ရုံခွဲများရှိ   စစ်ဆေးပြုပြင်ပြီးစီးသည့်    စက် ပစ္စည်းကိရိယာများ ဝန်မပါစမ်းသပ်မောင်းနှင်နေမှု အခြေအနေ၊ စက်ပစ္စည်းကိရိယာများအား စစ်ဆေး ပြုပြင်နေမှုအခြေအနေ၊ သံရည်ကျိုနိုင်ရေးအတွက် Scrap ကုန်ကြမ်းများ စုဆောင်းထားရှိမှုအခြေအနေ၊ စက်ပစ္စည်းကိရိယာများအား    အမိုးအကာအောက် ရွှေ့ပြောင်းထားရှိနိုင်ရေးအတွက် အမိုးအကာများ ဆောက်လုပ်နေမှုအခြေအနေတို့ကို    လှည့်လည် ကြည့်ရှုစစ်ဆေးပြီး    ပြည်ထောင်စုဝန်ကြီးက    စက် ပစ္စည်းကိရိယာများ   ပြုပြင်နေမှုအခြေအနေတို့ကို မှတ်တမ်းထားရှိပြီး   သတ်မှတ်စံချိန်စံညွှန်များနှင့် အညီ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်၊ သံရည်ကျို အလုပ်ရုံတွင်   တာဝန်ထမ်းဆောင်မည့်    ဝန်ထမ်း များအတွက်   ဘေးအန္တရာယ်   အကာအကွယ်ပြု   ဝတ်စုံများ    ဝတ်ဆင်နိုင်ရေး     စီမံဆောင်ရွက်ပေးရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို      စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှု လုပ်ငန်းများအတွက်   အဓိကကျသည့်   စက်အရန် ပစ္စည်းများကိုလည်း ကြိုတင်ဖြည့်တင်းထားနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်း များနှင့် နေ့လယ်စာအတူတကွ သုံးဆောင်သည်။ 
မွန်းလွဲပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့ရှိ အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)သို့ ရောက်ရှိပြီး ၂/၄၀ ချည်များ ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို      လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အထည်အလိပ်ရက်လုပ်ရာတွင် လိုအပ် သော     ချည်များအား     ပိုမိုထုတ်လုပ်နိုင်ရေး     စီမံဆောင်ရွက်ရန်၊    ထုတ်လုပ်သည့်    ချည်များ၏  ဆွဲဆန့်နိုင်မှုခံနိုင်အား     ကောင်းမွန်အောင်နှင့်  ချည်လုံး    ညီညာမှုရှိစေရေး   ထုတ်လုပ်မှုနည်းစဉ် တစ်လျှောက်တွင် Check Point ထားရှိ၍  စစ်ဆေး ရန်၊  ပူပြင်းခြောက်သွေ့သည့်   နွေရာသီသို့   ရောက်ရှိ နေပြီဖြစ်၍        မီးဘေးအန္တရာယ်မဖြစ်စေရေးနှင့်     လျှပ်စစ်မီးအန္တရာယ် မဖြစ်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန်      မှာကြားခဲ့ကြောင်း    သတင်းရရှိ သည်။


သတင်းစဉ်