နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် အာရှဇုန်ရှိ ပြည်ပနိုင်ငံများမှ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံရုံးအကြီး အကဲများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ် ဝန်ချုပ်များ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်တို့နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းနှင့် ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံ့တာဝန်များကို ရှေ့တန်းခံစစ်စည်းမှ ထမ်းဆောင် နေကြသည့် သံရုံးအကြီးအကဲများ၏ စွမ်းဆောင်ရည် များကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုရင်ဆိုင်ကြရာတွင် ပြည်ပနိုင်ငံ များရှိ ရှေ့တန်းခံစစ်စည်းမှ နိုင်ငံတော်၏ အကျိုး စီးပွားများကို ကာကွယ်ထမ်းဆောင်လျက် ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို မလွှဲမရှောင်သာ တာဝန် ယူနေရခြင်းဖြစ်ပြီး လက်ရှိကာလတွင် ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံ ခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံးလျက် ရှိပါကြောင်း။
ထို့အတူ နိုင်ငံတော်၏ ပကတိလိုအပ်ချက်များ ဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ကိုလည်း အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ သံရုံးအကြီးအကဲ များအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ မှန်များကို မိမိတို့ တာဝန်ထမ်းဆောင်သည့် နိုင်ငံ များတွင် အိမ်ရှင်အစိုးရများ သိရှိစေရန်အတွက် ဆောင်ရွက်သွားရန် တာဝန် ရှိပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများ၏ အကျိုးစီးပွားကိုလည်း ကူညီစောင့် ရှောက်သွားရန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ ကျရာနေရာမှ စိတ်ဓာတ်၊ စည်းကမ်းနှင့် စာရိတ္တကောင်းသူများ ဖြစ်စေရန် လေ့ကျင့် ပျိုးထောင်ပေးကြပါရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာ စောင့်သိမှုဆိုသော တာဝန်ကို အထူးဂရုထားကြရန် လည်း မှာကြားလိုပါကြောင်း၊ တာဝန်အရ ပေးအပ် ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်နှင့် တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုခြင်း၊ တာဝန် ပျက်ကွက်ခြင်းများ မဖြစ်ပေါ်စေဘဲ တာဝန်ကျေပွန် စွာနှင့် ရိုးသားဖြောင့်မတ်စွာ နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သံရုံးအကြီး အကဲများနှင့် ဝန်ထမ်းများအကြား အပြန်အလှန် လေးလေးစားစား ဆက်ဆံကြရန်နှင့် တစ်ဦးအပေါ် တစ်ဦး ဂါရဝတရားဖြင့် မိသားစုသဖွယ် ကူညီဖေးမ နေထိုင်ကြရန် မှာကြားလိုပါကြောင်း၊ အခက်အခဲများ ရှိပါက တင်ပြသွားကြရန်ဖြစ်ကြောင်းနှင့် အချိန် နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် ကျရာအခန်း ကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေများ၊ မျက်မှောက်နိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံ အပေါ် ပထဝီနိုင်ငံရေးအရသက်ရောက်မှု၊ သံရုံးအကြီး အကဲများအနေဖြင့် ပြည်ပနိုင်ငံများတွင် မြန်မာ နိုင်ငံ၏ လုပ်ဆောင်နေမှုနှင့် အခြေအနေမှန်အတိုင်း ပျံ့နှံ့အောင် အသိပေးဆောင်ရွက်သွားရန်၊ မိမိတို့ လုပ်ငန်းတာဝန်အပေါ် ကျွမ်းကျင်ပိုင်နိုင် သစ္စာရှိစွာ ဖြင့် ထမ်းရွက်သွားကြရန်၊ သံရုံးဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံတော် အကျိုးကို စုစည်းညီညွတ်စွာဖြင့် ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ပြောကြားသည်။
သတင်းစဉ်



