သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (၆၁) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

ရန်ကုန်    ဖေဖော်ဝါရီ   ၁၅


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၆၁) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်  အခမ်းအနားကို ယနေ့ မွန်းတည့်  ၁၂  နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင်မဟာပါသဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

 


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ   မန္တလေးမြို့   ဗန်းမော်ကျောင်းတိုက်၊ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များ   ကြွရောက်တော်မူကြပြီး   ပြည် ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့်  ဇနီး၊  တိုင်းဒေသကြီး ဝန်ကြီးများ၊   တာဝန်ရှိသူများနှင့်    ဖိတ်ကြားထား သည့် အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်   ဧည့်ပရိသတ်များက  နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 


ထို့နောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ ဆရာတော်က သမ္မောဒနီယဿရဏီယ ဩဝါဒ ကထာ      ဖတ်ကြားပြီး      ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊    တိုင်းဒေသကြီး     ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဓမ္မာစရိယ၊ ပါဠိ ပထမပြန်၊ နိကာယ် စာမေးပွဲအထူးအောင် သံဃာတော်များ၊ သီလရှင်များ နှင့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်အထူးအောင် ပုဂ္ဂိုလ်များအား  အောင်လက်မှတ်များ ဆက်ကပ်ကြသည်။

 


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဒုတိယဥက္ကဋ္ဌဆရာတော် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ သီဟိုဠ် ပရိယတ္တိစာသင်တိုက်၊ ပဓာန နာယက  အဂ္ဂမဟာပဏ္ဍိတ  ဒေါက်တာ ဘဒ္ဒန္တစန္ဒ နသာရ ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး   လှူဒါန်းမှု   အစုစုအတွက်    ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

 


ယင်းနောက်  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု   သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက စာအောင်သံဃာတော်များအား   လှူဖွယ်ပစ္စည်း များနှင့်    ဘွဲ့လက်မှတ်များ     ဆက်ကပ်လှူဒါန်း ကြသည်။

 


ယနေ့ ကျင်းပသည့် (၆၁) ကြိမ်မြောက် မဟာ ဘွဲ့နှင်းသဘင်အခမ်းအနားသို့  စာအောင်  သံဃာ တော် ၂၆၉ ပါး၊  သီလရှင်အပါး ၃၀ နှင့်  လူပုဂ္ဂိုလ် ကိုးဦးတို့ကို ဘွဲ့လက်မှတ်များနှင့် အောင် လက်မှတ် များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်