မန္တလေး ဖေဖော်ဝါရီ ၁၅
နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက် ပြများ တစ်ပြေးညီဖြစ်စေရေးဗဟို ကြီးကြပ်ရေးအဖွဲ့နှင့် မန္တလေး တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ တို့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ နှစ်ထပ်ဆောင် အစည်း အဝေးခန်းမ၌ ကျင်းပရာ ဗဟို ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဒုတိယဝန်ကြီး နှင့်အတူ မန္တလေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်နှင့် တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူ များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း ဦးနှင့် Road Safety Audit အဖွဲ့ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက နည်းဥပဒေ၊ ညွှန်ကြား ချက်များနှင့်အညီ လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ပြည့်စုံ မှန်ကန်ညီညွတ်စေရေး လုပ်ငန်း သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီး ကြီးကြပ် ရေးအဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့အနေဖြင့် အထူးအလေးထား ဆောင်ရွက်ရန်၊ မန္တလေးတိုင်း ဒေသကြီးသည် လူနေထူထပ်ခြင်း၊ ဧရိယာ ကြီးမားကျယ်ပြန့်ခြင်းနှင့် လမ်းကွန်ရက် များပြားခြင်းတို့ ကြောင့် ခရိုင်/ မြို့နယ်အလိုက် ပူးပေါင်းအဖွဲ့များ စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကျယ် ကျယ်ပြန့်ပြန့် မြေပြင်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ယာဉ်သွားလာမှု အင်ဂျင်နီယာ ဌာနခွဲမှ အင်ဂျင်နီယာမှူးကြီး က မန္တလေးတိုင်းဒေသကြီး၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စိစစ် တွေ့ရှိချက်များ၊ မန္တလေးတိုင်း ဒေသကြီး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တိုင်းဒေသကြီးအတွင်း လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ ဆောင်ရွက်ထားရှိမှု၊ မန္တလေး မြို့တော်ဝန်က မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို လည်း ကောင်း ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြချက်များအပေါ် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ဆွေးနွေး မှာကြားကြောင်း သိရသည်။
သတင်းစဉ်



