နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထူးချွန်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ က “ရှင်သန်နေမည် MRTV ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး(၂၃)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် နိုင်ငံတော် အဆင့် ရွှေတံဆိပ်ဆုရ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ပေါင်းကူးတံတားသဖွယ်
ယင်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာ စကားပြောကြားရာတွင် MRTV အနေဖြင့် နိုင်ငံတော်အစိုးရ တပ်မတော်နှင့် ပြည်သူများ အကြား ခိုင်မာသည့် ပေါင်းကူး တံတားသဖွယ် ကြိုးပမ်းဆောင် ရွက်ကြရန်၊ နိုင်ငံ့အကျိုး၊ နိုင်ငံသား များ အကျိုးအတွက် စိတ်ကောင်း စေတနာအပြည့်၊ ဇွဲလုံ့လအပြည့် ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ရရှိကြသည့် ဝန်ထမ်း ၄၃ ဦး ကိုယ်စား ဝန်ထမ်းတစ်ဦးကို လည်းကောင်း၊ ပြည်တွင်းပြည်ပ သင်တန်းများတွင် ပထမဆုရရှိခဲ့ ကြသည့် ဝန်ထမ်းများကိုလည်း ကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အစီအစဉ်ထုတ်လွှင့် ထူးချွန်ဆုရရှိကြသူများကိုလည်း ကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သတင်းတည်းဖြတ် ထုတ်လွှင့်မှု၊ သတင်းတင်ဆက်မှု ထူးချွန်ဆု၊ စက်မှုဆိုင်ရာ ထူးချွန် ဆုနှင့် ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ ထူးချွန်ဆု ရရှိကြသူများကိုလည်း ကောင်း၊ ဌာနဆိုင်ရာ အကြီးအကဲ များက လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုနှင့် အဆောင်နှင့် အိမ်ထောင်သည် လိုင်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများ သန့်ရှင်း သာယာလှပရေး ဆောင်ရွက်မှု ထူးချွန်ဆု ရရှိကြသူများကို လည်း ကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ဂုဏ်ပြုလက်ဆောင်ပေးအပ်
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းဟောင်း များက (၇၇) နှစ်မြောက် နှစ်ပတ် လည်အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင်ကို ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းထံ ပေးအပ်သည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲအစီအစဉ် ကို အဆိုပါရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဝန်ထမ်းများက မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ မြန်မာ့ ဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ စံတော် ချိန် တီးလုံးဖြင့် ကပြဖျော်ဖြေ တင်ဆက်သည်။
ကံစမ်းမဲ ချီးမြှင့်ပေး
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးမောင် ကို၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ကံစမ်းမဲ ဖောက်၍ ဆုများ ချီးမြှင့်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင် ကိုနှင့် ပြည်ထောင်စုဝန်ကြီးများ က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဆု ငွေများကို ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ထံ ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီး တို့က နိုင်ငံ့ဝန်ထမ်းလုပ်သက် ၃၇ နှစ်နှင့် အထက် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးမောင် ကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် မြန်မာ့ ဆိုင်းဝိုင်းကြီးတို့ တွဲဖက်၍ အနု ပညာရှင်များ၊ တေးသံရှင်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ တေးသီချင်းများ ဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက် မှုများကို ကြည့်ရှုအားပေးကြ သည်။
သတင်းစဉ်



