နေပြည်တော် ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ် တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် ပရိုင်း မိတ်ကျောက်ဖြစ် ရုပ်ကြွင်းဆိုင်ရာ အထောက်အထားအချက်အလက် များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောက နတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန နှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် ပရိုင်းမိတ်သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာ ရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပရိုင်းမိတ် သုတေသနပညာရှင် များ၊ အငြိမ်းစားပညာရှင်ကြီးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက မြန်မာ့ သမိုင်းစဉ်အတွက် အခြေပြ မြန်မာနိုင်ငံရေး သမိုင်းကိုသာ အားထားခဲ့ရာမှ ယခုအခါ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ ရှေးဟောင်းသုတေသနနှင့် မြန်မာ့ သမိုင်းဆိုင်ရာ တူးဖော်သုတေသန ပြု တွေ့ရှိချက်အသစ်များ၊ အထောက်အထား အသစ်များ၊ ခိုင်မာသည့် ဓာတ်ခွဲခန်းများမှ သက်တမ်းတွက်ချက်မှုများ ထပ်မံ တွေ့ရှိလာရပြီး သမိုင်းခေတ်တွင် ရုပ်လုံးပေါ် ပြည့်စုံလာပြီဖြစ် ကြောင်း၊ တစ်ဆက်တစ်စပ်တည်း သော သမိုင်းစဉ်ကို ပြုစုရာတွင် ပရိုင်းမိတ် အထောက်အထားတွေ ကို စတင်ပြုစုပြီး ခေတ်အဆက် ဆက်ကို ဆက်စပ်ချိတ်ဆက်ပေးရ မည်ဖြစ်ကြောင်း၊ ကွင်းဆက်ပြတ် နေသည်များကို ချိတ်ဆက်ရန် အတွက် ယခုလို အစည်းအဝေးကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ တွေ့ရှိရသော အထောက်အထား များမှတစ်ဆင့် ခိုင်မာသော သမိုင်းစဉ်ကို သက်သေပြနိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနမှ ပရိုင်းမိတ် သုတေသနပညာရှင် များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက မြန်မာ နိုင်ငံ၏ တစ်ဆက်တစ်စပ်တည်း သော သမိုင်းစဉ်ကို ၂၀၂၂ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအသီးသီး အလိုက် ခေါင်းစဉ်များကိုလည်း စာတမ်းဖတ်ပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ယခုအခါတွင် စာတမ်းဖတ်ပွဲ အဆင့်သာမက တော့ဘဲ စာအုပ်ထုတ်ဝေရန်အတွက် ညှိနှိုင်း၊ ဆွေးနွေးသည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရရှိလာသော ရလဒ်များကို ပြင်ဆင်ဖြည့်စွက်၍ စာအုပ်ထုတ်ဝေမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ပြီး သုံးသပ်၊ ညှိနှိုင်းသည့်အတွက် အထောက်အထားများ မှန်မှန် ကန်ကန် ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲတွင် ပရိုင်းမိတ်ဆိုင်ရာ အထောက် အထားများနှင့် ပတ်သက်၍ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က ပုံတောင်ပရိုင်းမိတ်ဆိုင်ရာ သုတေ သန အထောက်အထားများကို လည်းကောင်း၊ ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ သောင်းထိုက်က ဧရာဝတီပရိုင်းမိတ်ဆိုင်ရာ သုတေ သန အထောက်အထားများကို လည်းကောင်း၊ ပါမောက္ခ ဒေါက်တာ ဇင်မောင်မောင်သိန်းက ပရိုင်းမိတ်ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်အကြောင်းကို လည်းကောင်း ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလို သည်များနှင့် ထပ်မံဖြည့်စွက် လိုသည်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပရိုင်းမိတ်နှင့်ပတ်သက်၍ ပြတ်နေ သည့် ကွင်းဆက်များကို ရှာဖွေရန် လိုအပ်ကြောင်း၊ ဆက်လက် ရှာဖွေမည့် လုပ်ငန်းစဉ်များကို လည်း လျာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကွင်းဆက်ပြတ် မသွားစေရန်အတွက် မျိုးဆက်သစ် လူငယ်များကို မွေးမြူရန်လိုအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



