သိပ္ပံ၊နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံ - ရုရှားဝန်ကြီးများ အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄


ရုရှားဖက်ဒရေးရှင်းနိုင်ငံက ကြီးမှူးကျင်းပသည့်  သိပ္ပံ၊နည်းပညာနှင့်   တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံ -  ရုရှားဝန်ကြီးများ အစည်းအဝေး ကို    ယနေ့တွင် Virtual   စနစ်ဖြင့်  ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်  နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

 


အဆိုပါ  အစည်းအဝေးသည် အာဆီယံ - ရုရှား   သိပ္ပံနှင့်နည်း ပညာ  ပူးပေါင်းဆောင်ရွက်ရေး- ၂၀၂၂ ၏ အဓိကကျသော အစီအစဉ် တစ်ရပ်ဖြစ်ပြီး   အာဆီယံနှင့် ရုရှားနိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်မှုကို အထောက်အကူ ဖြစ်စေရန် ရုရှားနိုင်ငံနှင့် အာဆီယံ နိုင်ငံများရှိ တက္ကသိုလ်များ၊ ပညာ ရေးဆိုင်ရာ      ကျောင်းများနှင့် သုတေသန     စင်တာများအပြင် ပူးတွဲသုတေသန   စီမံကိန်းများ ကိုပါ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။   ၂၀၂၃  ခုနှစ်သည် အာဆီယံ - ရုရှား  မဟာဗျူဟာ မြောက်    မိတ်ဖက်ဆက်ဆံရေး (၅)နှစ်ပြည့်    အထိမ်းအမှတ် ဖြစ်သည့်အတွက် အာဆီယံ-ရုရှား သိပ္ပံ၊    နည်းပညာနှင့်   တီထွင် ဆန်းသစ်မှုဆိုင်ရာ  ဝန်ကြီးများ အစည်းအဝေးကို သိပ္ပံ၊ နည်းပညာ နှင့်   တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက်   ရည်ရွယ်ကျင်းပရခြင်း ဖြစ်သည်။

 


အစည်းအဝေးတွင်    နိုင်ငံ အလိုက်      သိပ္ပံ၊နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် ဦးစားပေးဆောင်ရွက်မှုကို   အသိ ပညာများ  မျှဝေဖလှယ်ခဲ့ကြပြီး ရုရှားနှင့်        အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား    သိပ္ပံ၊နည်းပညာ နှင့်    တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်   အစီ အစဉ်များကို  ဆွေးနွေးပြောကြား သည်။

 


အဆိုပါ  အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုနယ်ပယ် တွင်         ဆောင်ရွက်နေသည့် ဦးစားပေး   အစီအစဉ်များနှင့် ဆောင်ရွက်မှုများကို    ဆွေးနွေး ပြောကြားသည်။
အစည်းအဝေးသို့     ရုရှား ဖက်ဒရေးရှင်းနိုင်ငံ      သိပ္ပံနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Valery Falkov နှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန် ရှိသူများ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့်    ဗီယက်နမ်နိုင်ငံ    စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာဝန်ကြီးများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက်    ကော်မတီဥက္ကဋ္ဌ များနှင့်      ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြကြောင်း   သိရ သည်။                    
   

သတင်းစဉ်