ပြည်ထောင်စုလှေကို စီးကြစို့

 

ပြည်ထောင်စုလှေကို စီးကြစို့

c ရှမ်း ချင်း ကချင် မွန် ကရင်
    စုပေါင်းလှေပေါ်တွင်၊
    သွေးချင်းစုံလင် တို့ကယား
    ဗမာ ရခိုင်သား။
c စုပေါင်းအားနဲ့ ခရီးနှင်
    သွေးစည်းချစ်ချစ်ခင်၊
    ထာဝစဉ် ညီနောင်များ
    တို့ပြည်ထောင်စုသား။
c ကြိုးစားရိုးသား နိုးကြားစွာ
    တို့များ အားသွန်ကာ၊
    ချစ်ကြည်စွာ တူလှော်လျက်
    တို့များခရီးဆက်။
c    တို့ပြည်အတွက် တို့သွေးတွေ
    စည်းလုံးညီညွတ်နေ၊
    ပြည်ထောင်စုလှေလှော်ကြစမ်း
    ပန်းတိုင်ရောက်ဖို့လှမ်း။
c    ပြည်ထောင်ငြိမ်းချမ်း 
    ခိုင်မြဲအောင်
     ပြည်ချစ်စိတ်ကိုဆောင်၊
    တို့များပြည်ထောင် စုစုစည်း
    ပြည်ထောင်စုလှေကိုစီး။
    ပန်းတိုင်ရောက်ဖို့နီး ။     ။

မောင်လေပြေ(တောင်တွင်း)