ကာရံဆက်မည် ရှေ့သို့ ချီရင်း
* အလင်္ကာစ၊ ရင်မှာ တ,အောင်
စီသ ခြယ်မှုန်း၊ ကဗျာထုံးနှင့်
ရွှင်ပြုံးအေးစေ စမ်းကျရေ။
* အလင်္ကာစီ၊ ရင်မှာတည်အောင်
ရေးသီခြယ်မှ၊ ကဗျာလှနှင့်
မွှေးမြလန်းစေ ပန်းလှတွေ။
* ပန်းနှင့် စမ်းလို၊ သာယာချိုမြ
ဟန်ပိုကြွလို့၊ စာသစီခြယ်
ပုလဲသွယ်လျှင်၊ တင့်တယ် လှပ
သည်ကဗျာ့ဟန် သည်ကာရံ။
* တစ်ရံထက်တွင်၊ တစ်ဖက်ရန်သူ
သွေးခွဲမူနှင့်၊ မတူဖောက်ပြား
သစ္စာခြားမဲ့၊ လှည့်ဖြားခဲ့သော်
တစ်လှည့်တစ်ဖန်၊ အပြုတ်နှံဖို့
ဓားလှံကိုကိုင် သစ္စာခိုင်မည်။
* ပြည်နိုင်ငံရေး၊ အသက်သွေးနှင့်
စတေးစွန့်စား၊ ကလောင်သွားနှင့်
ဖြည့်အားမာန်တင်း၊ စစ်ကိုခင်းမယ်
တေးချင်းကဗျာ ၊ စပ်ဆိုပါရင်း
ကြောက်ရွံ့ကင်းမဲ့ စစ်ခင်းလှည့်မယ်။
* ဤသို့ စဉ်ဆက်၊ မိစ္ဆာသက်ကို
ခြေဖျက်ယူငင် ၊ ဆောင်ပွဲဆင်လျက်
ကာရံဆက်မည် ရှေ့သို့ ချီရင်း ။ ။
မြရည်နန္ဒာ



