စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုးတားလေးကျေးရွာရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများအတွင်း ဝင်ရောက်အခြေပြု၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင

 

နေပြည်တော် ဖေဖော်ဝါရီ  ၇       
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့်  PDF  အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဧရာဝတီ      မြစ်ကမ်းနံဘေးရှိ မိုးတားလေးကျေးရွာရှိ ဘုန်းတော် ကြီးကျောင်းများ၊   ဘုရားစေတီ ပုထိုးများနှင့်  စာသင်ကျောင်းများ အတွင်းသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၇ ရက်မှစ၍ အခိုင်အမာဝင်ရောက် နေထိုင်ကာ          ဧရာဝတီမြစ် တစ်လျှောက်   သွားလာသည့် စက်လှေငယ်များနှင့်   ရေလုပ်ငန်း ဆောင်ရွက်သူများအား   လည်း ကောင်း၊ ရွှေကူ၊    မြို့လှ၊    ကသာ လမ်းကြောင်းပေါ်ရှိ    ကျေးရွာများ မှ   ပြည်သူလူထုများအားလည်း ကောင်း၊  အဓမ္မတားဆီးစစ်ဆေး ခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဒလန်စွပ်စွဲ၍     သတ်ဖြတ်ခြင်း စသည့်     အကြမ်းဖက်အဖျက် အမှောင့်လုပ်ငန်းများကို နည်းမျိုး စုံဖြင့်  ဆောင်ရွက်နေကြောင်း အကြမ်းဖက်မှုကို  ဆန့်ကျင်လို သည့် ဒေသခံပြည်သူများက နီးစပ် ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်   သတင်းပို့လာသဖြင့် တပ်မတော်စစ်ကြောင်း   တစ် ကြောင်းမှ  အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး     (Counter– Terrorism Operation)ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက် အထိ   ဆောင်ရွက်ခဲ့ရာ  အကြမ်း ဖက်သမားများနှင့်      ထိတွေ့ တိုက်ပွဲ ခုနစ်ကြိမ်   အပြင်းအထန် ဖြစ်ပွားခဲ့သည်။ 
စစ်ဆင်ရေးဆောင်ရွက် 
တိုက်ပွဲများ     ဖြစ်ပွားစဉ် အတွင်း အကြမ်းဖက်သမားများ အနေဖြင့်  ဘုန်းတော်ကြီးကျောင်း များ၊ ဘုရားစေတီများ၊ ကျေးရွာ စာသင်ကျောင်းများရှိ  သဲအိတ် ဘန်ကာများ၊ မြေအောက်ကတုတ် ကျင်းများအတွင်းမှ  တပ်မတော် စစ်ကြောင်းအား  အပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်း၊ နီးစပ်ရာ ဦးဆောင်လှုပ်ရှားနေသည့်PDF အဖွဲ့များမှ  ဆိုင်ကယ်၊  ကားများ ဖြင့်   အင်အားဖြည့်တင်းလျက် ပြန်လည်ပစ်ခတ်ခဲ့သလို ကျေးရွာ သူ  ကျေးရွာသားများကိုလည်း လူသားတံတိုင်းအဖြစ်   အကာ အကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   ထုတ်ပြန်ထားသည့် အတိုင်း    ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement -ROE)နှင့်အညီ တိကျစွာ လိုက်နာ ပြီး      အရပ်သားပြည်သူများ၊ ကျေးရွာများရှိ  အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘုန်းတော် ကြီးကျောင်းများနှင့် ဘုရားစေတီ ပုထိုးများအား   အတတ်နိုင်ဆုံး ထိခိုက်ပျက်စီးမှု      မရှိစေရေး အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် အကြမ်းဖက် ချေမှုန်းရေးစစ်ဆင် ရေးဆောင်ရွက်ခဲ့သည်။   ထိုသို့ ဆောင်ရွက်ခဲ့ရာ        ထပ်မံ၍ တပ်မတော်     စစ်ကြောင်းများ အချိန်အမီ စစ်ကူရောက်ရှိခြင်းနှင့် လေကြောင်းပစ်ကူရယူ တိုက်ခိုက် ခြင်းတို့ကြောင့်   ၂၀၂၃   ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် အကြမ်းဖက် သမားများသည်   မိုးတားလေး ကျေးရွာရှိ      နေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီး      ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက    ကျေးရွာသူ ကျေးရွာသားများနှင့်အတူ ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးခြင်းအား အရေး ပေါ်ဆောင်ရွက်ခြင်းနှင့် ကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်  လုံခြုံရေး အပြည့်အဝ        ရယူပေးခြင်းတို့ ဆောင်ရွက်ခဲ့ရသည်။
တိုက်ပွဲများပြီးဆုံးပြီးနောက် ကျေးရွာအတွင်း   လှည့်လည် စစ်ဆေးခဲ့ရာ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ သည်   စာသင်ကျောင်းပရဝဏ် အတွင်း  သဲအိတ်ဘန်ကာများ၊ မြေအောက် အပစ်ကတုတ်ကျင်း များ    အခိုင်အမာတည်ဆောက် ခုခံခြင်း၊  စာသင်ခန်းများအတွင်း ပညာသင်ကြားနေသည့် ကလေး များ အသုံးပြုသည့် စာရေးခုံများ ကို  အသုံးပြု၍  သဲအိတ်များဖြင့် ဘန်ကာသဖွယ် အခိုင်အမာစခန်း တည်ဆောက်ထားခြင်း  အပြင် အဓိကခုခံခဲ့သည့်   ရွာဦးစေတီ တော်ကုန်းတစ်ဝိုက်၌     လည်း စေတီပုထိုးများ အကာအကွယ်ဖြင့် လည်းကောင်း၊ သံဃာနှင့် ကပ္ပိယ အိပ်ဆောင်များ၌လည်းကောင်း၊ သဲအိတ်များစီ၍      ခုခံခဲ့သည့် အနေအထားတို့ကို တွေ့ရှိခဲ့သဖြင့် အကြမ်းဖက်သမားများ အသုံးပြုခဲ့ သည့်    ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်းရှိ ဘန်ကာ များနှင့် စေတီကုန်းတစ်ဝိုက်အား လုံခြုံရေး      တပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ ကျေးရွာသားများနှင့် အတူ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊  စာသင် ကျောင်းနှင့်   ကျေးရွာတစ်ဝိုက် တို့အား မိုင်းရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး စေတီပုထိုး နှင့်       သံဃာအိပ်ဆောင်များ ပြန်လည်ပြုပြင်ပေးခြင်းများကို ကျေးရွာသူ ကျေးရွာသားများနှင့် အတူ    ဆောင်ရွက်ပေးခဲ့ကာ နယ်မြေ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ပတ်သက်၍ လိုအပ်သည် များ   ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ   အခိုင်အမာစခန်းများ ပြုလုပ်မှုအတွက်    အကြမ်းဖက် အုပ်စုတို့က ရွာသူ ရွာသားများအား အဓမ္မနည်းဖြင့်   ခြိမ်းခြောက် ဆောင်ရွက်          စေခဲ့ကြောင်းကို လည်း သိရှိရသည်။  
အရေးယူနိုင်ရေးဆောင်ရွက်
အကြမ်းဖက်သမားများ အနေ ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာ အဆောက်အဦ များ၊          ကျေးရွာများအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များကို  အကာအကွယ် ရယူ     ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ကျောင်းသူ  ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံး ပြုနေသည့်   စာသင်ကျောင်းများ အတွင်း  ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့်  အပြည်ပြည် ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ် မှု  (War  Crime)  ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက်          အကြမ်းဖက်မှု တိုက်ဖျက်ရေး  ဥပဒေ၊  ရာဇသတ် ကြီးနှင့်    သက်ဆိုင်ရာတည်ဆဲ ဥပဒေများဖြင့်   ၎င်းတို့အပေါ် ထိရောက်စွာ    အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
အကြမ်းဖက်သမားများ အနေ ဖြင့်       ကျေးရွာအချို့အတွင်း ဝင်ရောက်၍  အကြမ်းဖက်လုပ်ရပ် များ   လုပ်ဆောင်လျက်ရှိခြင်း ကြောင့်    ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ က နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်            ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ ၏   ဝင်ထွက်သွားလာမှု  သတင်း များ  ရရှိပါက  သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေ တည်ငြိမ်  အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန်   သတင်း ထုတ်ပြန်အပ်ပါသည်။ 
သတင်းစဉ်