သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဇင်)အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက်မီးရှို့ဖျက်ဆီး

 

နေပြည်တော် ဖေဖော်ဝါရီ  ၃


တနင်္သာရီတိုင်းဒေသကြီး  သရက် ချောင်းမြို့နယ်  ညောင်ဇင်ကျေးရွာ ရှိ    အခြေခံပညာအထက်တန်း ကျောင်း(ညောင်ဇင်) ကို   ယနေ့ မွန်းလွဲပိုင်းတွင်   PDF    အမည်ခံ အကြမ်းဖက်       သမားများက အကြောင်းမဲ့     လာရောက်မီးရှို့ခဲ့ ကြောင်း သိရှိရသည်။

 


ထိုကဲ့သို့   PDF    အမည်ခံ အကြမ်းဖက်သမားများက အခြေခံ ပညာ   အထက်တန်းကျောင်း (ညောင်ဇင်)အား မီးရှို့ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊   မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက   မီးသတ် ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင်      မီးငြိမ်းသွားခဲ့သည်။ အဆိုပါ      မီးလောင်မှုကြောင့် စာသင်ဆောင်    နှစ်ဆောင်နှင့် ခန်းမ တစ်ဆောင်တို့  မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။

 


အခြေခံပညာ  အထက်တန်း ကျောင်း(ညောင်ဇင်)၌    လက်ရှိ အချိန်တွင် ကျောင်းသား ကျောင်း သူများ   ပညာသင်ကြားနေခြင်း မရှိဘဲ ကျောင်းသား   ကျောင်းသူ များအနေဖြင့်     ထားဝယ်မြို့ရှိ စာသင်ကျောင်းများနှင့် ညောင်ဇင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တို့တွင် ပညာသင်ကြားလျက်ရှိ ကြောင်း သိရှိရသည်။

 


ယခုကဲ့သို့  ပညာရေးဆိုင်ရာ အဆောက်အဦများအား အကြောင်း မဲ့  လာရောက်မီးရှို့ဖျက်ဆီးခဲ့သူ များနှင့်   ပါဝင်ပတ်သက်သူများ အား တရားဥပဒေနှင့်အညီ အရေး ယူနိုင်ရေး    လုံခြုံရေးတပ်ဖွဲ့ဝင် များက   လိုအပ်သည့်    စုံစမ်း စစ်ဆေးရေးလုပ်ငန်းများ  ဆောင် ရွက်လျက်ရှိကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်