နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နေထိုင်မှုအဆင့်အတန်း မြင့်မားလာစေရန် မူဝါဒများနှင့်အညီ ဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၃


ဆောက်လုပ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည်   တာဝန်ရှိသူများနှင့်အတူ   ယနေ့ တွင်   ပြည်ထောင်စုနယ်မြေ  နေပြည်တော်    ဒက္ခိဏ သီရိမြို့နယ်ရှိ   ပြည်သူ့အငှားအိမ်ရာ တည်ဆောက် ရေးစီမံကိန်းသို့ရောက်ရှိရာ  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး က   နိုင်ငံ့ဝန်ထမ်း   အငြိမ်းစားအငှားအိမ်ရာများနှင့် ပြည်သူ့အငှားအိမ်ရာများ    ဆောင်ရွက်ထားရှိမှုများ ကို လည်းကောင်း၊     ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးက   ပြည်သူ့အငှားအိမ်ရာစီမံကိန်း လျာထားချက်၊  ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်    အစီအစဉ်များကို   လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးစိုင်းသက်နိုင်မိုးက အိမ်ရာစီမံကိန်း    ကြီးကြပ်ထိန်းသိမ်းထားရှိမှုကို လည်းကောင်း   ရှင်းလင်းတင်ပြကြရာ   အမြဲတမ်း အတွင်းဝန် ဦးဝဏ္ဏဇော်က  ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။

 


ရှင်းလင်းတင်ပြချက်များနှင့်       စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက    အိမ်ရာကဏ္ဍ      ဖွံ့ဖြိုး တိုးတက်ရေးအတွက်   နေပြည်တော်၊   ရန်ကုန်မြို့ နှင့်   မန္တလေးမြို့တို့တွင်     အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နှင့် ပြည်သူများ နေထိုင်မှုအဆင့်အတန်း မြင့်မားလာ စေရန် မူဝါဒများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အိမ်ရာစည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း  မှာကြားပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာများနှင့်         ပြည်သူ့အငှား အိမ်ရာများ    တည်ဆောက်ပြီးစီးမှု၊   အိမ်ခန်းဖွဲ့စည်းမှု၊  မြို့ပြ /  ရေသန့် /  လျှပ်စစ်   ဆောင်ရွက်ပြီးစီးမှုတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 


အိမ်ခန်းနေရာချထားရေးကော်မတီ၏  ကြီးကြပ် မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာစီမံကိန်း တွင်  အငြိမ်းစားဝန်ထမ်း (အမှုထမ်း)  များအတွက် (၁၂) ခန်းတွဲ (၅ ထပ်)၊   အဆောက်အအုံ ခုနစ်လုံး ၊ အခန်း ၄၂၀ အား နေရာချထားပေးပြီးဖြစ်သည်။ 
ယင်းနောက်       ပြည်ထောင်စုဝန်ကြီးသည် အငြိမ်းစားဝန်ထမ်း (အရာထမ်း)များအတွက် ဆောင် ရွက်ပြီးစီးပြီဖြစ်သည့် (၄)ခန်းတွဲ (၅ ထပ်) ၊ အဆောက် အအုံ  ငါးလုံး ၊ အခန်း  ၁၀၀ နှင့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတွင် (၄) ခန်းတွဲ (၅ ထပ်) ၊ အဆောက်အအုံ ၂၈  လုံးတွင်   အခန်းပေါင်း  ၄၄၈  ခန်းကို   ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်