ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ
ခန့်အပ်တာဝန်ပေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၈ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဦးစစ်အေး အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၉ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဒေါက်တာ ဌေးအောင် အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေး လိုက်သည်-
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၀ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက် သည်-
(၁) ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး
(၂) ဦးအောင်ကြည်သိန်း မွန်ပြည်နယ်
(၃) ဦးထိန်လင်း ရခိုင်ပြည်နယ်
(၄) ဦးအောင်ဇော်အေး ရှမ်းပြည်နယ်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပြောင်းရွှေ့တာဝန်ပေးအပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၁ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါဌာန များသို့ ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်သည်-
(၁) ဒေါက်တာ အောင်ဇေယျ ဒုတိယဝန်ကြီး၊
ဒုတိယဝန်ကြီး သိပ္ပံနှင့်နည်းပညာဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန
ဌာန
(၂) ဦးသန်းဝင်း အဖွဲ့ဝင်၊ ပြည်ထောင်စု
အဖွဲ့ဝင် ရာထူးဝန်အဖွဲ့
ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တာဝန်မှအနားယူခွင့်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၂ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
တာဝန်မှအနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်-
(၁) ဦးစောဘလှိုင် အဖွဲ့ဝင်၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်
(၂) ဒေါက်တာ ဘမောင် အဖွဲ့ဝင်၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်
(၃) ဦးမင်းမင်းဦး အဖွဲ့ဝင်၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်
(၄) ဦးဇော်ဝင်း ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီး
ဌာန
(၅) ဒေါ်ခင်ချိုအုန်း အဖွဲ့ဝင်၊ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တာဝန်မှအနားယူခွင့်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၃ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
တာဝန်မှအနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အား တာဝန်မှအနားယူခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ



