
နေပြည်တော် ဇန်နဝါရီ ၂၇
မွန်ပြည်နယ် ရေးခရိုင် လမိုင်း မြို့နယ် လမိုင်းမြို့ - သောင်ပြင် ကျေးရွာသွား ကားလမ်းပေါ်ရှိ ဒေသခံပြည်သူများက ကိုယ်ထူ ကိုယ်ထဖြင့် တည်ဆောက်ထား သည့် အရှည် ပေ ၃၀ ၊ အကျယ် ၁၂ ပေရှိ ကော့လူစစ်သံကူ ကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများ က ယနေ့ ညနေ ၃ နာရီခွဲခန့် တွင် ဒေသန္တရလက်လုပ်မိုင်းဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခဲ့သည်။
မိုင်း ဖောက်ခွဲမှုကြောင့် လမိုင်းမြို့ဘက်ခြမ်း ကမ်းကပ်ခုံ အုတ်တိုင် တစ်တိုင်၊ တံတား လက်ရန်းများနှင့် မြေသားများ အက်ကွဲပြိုကျ ပျက်စီးခဲ့ကြောင်း နှင့် အဆိုပါ တံတားပျက်စီးခဲ့မှုကိုဒေသခံပြည်သူများမှ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်