ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးရန် အလှမ်းကွာဝေးနေသေးကြောင်း ထိပ်တန်းကူးစက်ရောဂါဆိုင်ရာ ပညာရှင်ပြောကြား

 

ဝါရှင်တန် ဇန်နဝါရီ ၂၄ 
အင်န်အိတ်ချ်ကေနှင့် တွေ့ဆုံမေးမြန်းခန်းတွင်  ယခင်အိမ်ဖြူတော်    ထိပ်တန်းကူးစက်ရောဂါဆိုင်ရာ ပညာရှင်ဖြစ်သူ ဖော်စီ(အောက်ပုံ)က    ကမ္ဘာကြီးအနေဖြင့်   ကူးစက်ရောဂါဆိုင်ရာ   ခုခံကာကွယ်မှုများကို မလျှော့ချသင့်ကြောင်း   သတိပေးပြောကြားလိုက်သည်။ 
သေဆုံးအရေအတွက်မြင့်နေ
ကူးစက်ရောဂါနှင့် ပတ်သက် ပြီး လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်နှင့်  နှိုင်းယှဉ်ပါက  ယခု လက်ရှိတွင်     အခြေအနေပိုမို ကောင်းမွန်လျက် ရှိသော်လည်း မိမိတို့အနေဖြင့်   သိသာသည့် ကူးစက်ဖြစ်ပွားမှုများ ရှိနေသေး ကြောင်း၊   ဆေးရုံတက်ရောက်ရ သည့်  အရေအတွက်နှင့်  သေဆုံး သည့်  အရေအတွက်မြင့်နေသေး ကြောင်း   သတိပေးပြောကြားခဲ့ သည်။ 
ကမ္ဘာ့ကျန်းမာရေး  အဖွဲ့က ကိုဗစ်-၁၉ ကို နိုင်ငံတကာစိုးရိမ် ဖွယ်ရာ      ပြည်သူ့ကျန်းမာရေး အရေးပေါ်  အခြေအနေအဖြစ် ကြေညာခဲ့သည်မှာ   သုံးနှစ်ပြည့် တော့မည်ဖြစ်ကြောင်း၊ သို့သော် လည်း ကိုဗစ်-၁၉ ကပ်ရောဂါသည် ပြီးဆုံးရန်   အလှမ်းကွာဝေးနေ သေးကြောင်း   ဖော်စီက  ပြောခဲ့ သည်။ 
အပိုဆောင်းဆေးထိုးထားရန်
ထို့ပြင်     အစိုးရများသည် ၎င်းတို့၏     နိုင်ငံသားများကို နောက်ဆုံးအကြိမ်    ကိုဗစ်-၁၉ အပိုဆောင်း  ကာကွယ်ဆေးများ ထိုးထားပေးရန် အားသွန်ခွန်စိုက် လုပ်ဆောင်သင့်ကြောင်း ဖော်စီက ပြောသည်။ 
ရောဂါသစ်၏ ထာဝရစိန်ခေါ် မှုကို    ရင်ဆိုင်နိုင်ရန်   ထာဝရ ပြင်ဆင်ထားဖို့        လိုအပ်ကြောင်း ဖော်စီက   ဆက်လက်ပြောကြား လိုက်သည်။    အင်န်အိတ်ချ်ကေ