နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

 

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေး

 

နေပြည်တော်   ဇန်နဝါရီ    ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး H.E. Mr. Mubarak M A Aladwani   သည်   ယနေ့နံနက်   ၁၀  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး    သံတမန်ဆောင်ဧည့်ခန်းမ၌   ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

 


ရင်းရင်းနှီးနှီး ဆွေးနွေး


ထို့နောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတိုးမြှင့် ရေးနှင့်      ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ   ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ  အပြန်အလှန်လည်ပတ် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ဆောင် ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များ၊  ခရီးသွားလုပ်ငန်းများ  တိုးတက်ရေး အတွက်   နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများနှင့် ပတ်သက်၍  ရင်းရင်း နှီးနှီး ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကူဝိတ်နိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


အဆိုပါ       သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးဝဏ္ဏမောင်လွင်နှင့်    သံတမန်ရေးရာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်   ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်