ထိုင်းနိုင်ငံတောင်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦး သေဆုံး

 

နရသီဝပ်   ဇန်နဝါရီ    ၂၁


ထိုင်းနိုင်ငံတောင်ပိုင်း၌ အစိုးရ တပ်ဖွဲ့များနှင့်   လက်နက်ကိုင် ခွဲထွက်ရေးသမားများ     အကြား တောတွင်း     ပစ်ခတ်မှုအတွင်း လူသုံးဦး     သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ  ၂၁ ရက်က ပြောကြားသည်။

 


မွတ်စလင်  အများစုနေထိုင် ရာဒေသရှိ   လက်နက်ကိုင်များ သည်   ပြည်နယ်၏   ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက်  တိုက်ပွဲဝင် နေသောကြောင့်  နိုင်ငံ၏တောင်ဘက်စွန်းပြည်နယ်များတွင် ၂၀၀၄ ခုနှစ်မှစတင်၍     ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး  လူပေါင်း   ၇၀၀၀ ကျော် သေဆုံးခဲ့သည်။

 


ထိုင်းရဲများနှင့် စစ်သားများ သည်    ဇန်နဝါရီ ၂၀ ရက်က နရသီဝပ်ပြည်နယ်ရှိ  တောင်ပေါ် ၌ လက်နက်ကိုင် ခွဲထွက်ရေးသမား များကို ပစ်ခတ်မှုစတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏  ပြောကြားချက်အရ သိရသည်။   လက်နက်ကိုင်အဖွဲ့ များက        စပြီးပစ်ခတ်သည့် အတွက် တုံ့ပြန်ပစ်ခတ်စဉ်အတွင်း လက်နက်ကိုင်အဖွဲ့ဝင်     သုံးဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံမှ အမ် - ၁၆  သေနတ်သုံးလက်ကို သိမ်းဆည်းရမိခဲ့ကြောင်း  ဒေသခံ ရဲချုပ်   ဆုသွန်ဆွတ်ဝီဆက်က ပြောကြားသည်။  

 အေအက်ဖ်ပီ