
နေပြည်တော် ဇန်နဝါရီ ၁၉
ရွှေတြိဂံဒေသအတွင်းသို့ ဓာတုပစ္စည်းများ နည်းမျိုးစုံ ဖြင့် ဝင်ရောက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်သယ် ဆောင်ရောင်းဝယ်မှုများ မရှိစေရေးအတွက် မြန်မာ- လာအို-ထိုင်း သုံးနိုင်ငံ ပူးပေါင်း၍ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု၊ တရားဝင်သယ်ဆောင် ရောင်းဝယ်ခွင့်ရယူပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နယ်ပယ်များသို့ တရားမဝင် သယ်ဆောင်မှုတို့ ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည် နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် တောင်ကြီး- လွိုင်လင်သွားကားလမ်း (၄) မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေး အောင် မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ် တွင် တရားမဝင် သယ်ဆောင်လာသော သံပီပါ အလုံး ၈၀ ဖြင့် ထည့်လျက် ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့သည်။
ထပ်မံသိမ်းဆည်းရမိ
သတင်းကွင်းဆက်အရ ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် အဆိုပါ (၄) မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့ မျိုးအောင် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် လိုက်ပါ လာသော ၂၂ ဘီးတွဲယာဉ်နှင့် ရှေ့နောက်လိုက်ပါလာ သည့် စည်သူအောင် မောင်းနှင်ပြီး တင်အောင်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်တို့ နှစ်စီးပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ပလတ်စတစ်ပီပါ ၁၁၉ လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန် တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိဓာတုပစ္စည်း များ တာဝန်ခံသယ်ဆောင်သူ ဇော်လင်းစိုး ကို ယင်းနေ့မွန်းတည့် ၁၂ နာရီတွင် တောင်ကြီး-ဟိုပုံး သွားကားလမ်း၊ ဟိုပုံးမြို့အဝင်တွင် Pajero မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ပူးပေါင်း ပါဝင်ဆောင်ရွက်သူ မြတ်သူ ကို ညနေ ၃ နာရီတွင် အောင်ပန်းမြို့ မိုးကောင်း ရပ်ကွက်တွင်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
တရားမဝင်သယ်ဆောင်
အလားတူ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီတွင် လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီးသွားကား လမ်း ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မျိုးကျော် (ခ) အားမီ မောင်းနှင် ပြီး ရွှေမင်းဦး (ခ) ကောင်းထက် လိုက်ပါလာသည့် Fuso ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေ ရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာ သော ဓာတုပစ္စည်း Sodium Hydrohide, Anhyd-Rous(NaOH) ၁၄ ဒသမ ၉၅ တန် သိမ်းဆည်းရမိ ခဲ့သည်။
စစ်ဆေးဖော်ထုတ်
သတင်းကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် နံနက် ၆ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီးမြို့ဘက်သို့ ချစ်တိုင်း အောင် မောင်းနှင်ပြီး ကျော်ဇင်ခက် လိုက်ပါလာသည့် Nissan ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ အလုံး ၅၀ ဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင် လာသည့် ထိန်းချုပ် ဓာတုပစ္စည်း Toluene သုံးတန်၊ Methylamine ၄ ဒသမ ၅ တန်တို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ် ရွှေပြည်သာ စက်မှုဇုန်(၃) မင်းကြီး မဟာမင်းခေါင်လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းခေးလှိုင်အား တွေ့ရှိပြီး ဂိုဒေါင်အတွင်း တရား မဝင် သိုလှောင်ထားရှိသည့် သံပီပါ အလုံး ၃၀ ဖြင့် ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၄ ဒသမ ၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတု ပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို ရန်ကုန် တိုင်းဒေသကြီးမှ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ သတင်းစဉ်