
နေပြည်တော် ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ဗန္ဓုလ ရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် အပြစ်မဲ့ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့ရွာ များ လုံခြုံရေးအတွက် လုံခြုံရေးလုပ်ငန်းများ အား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိစဉ် ဇန်န ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်း တိုင်းဒေသကြီး ဘုတလင်မြို့နယ် ဗန္ဓုလရပ်ကွက် အတွင်းသို့ လက်နက်ကြီးဖြင့် လာရောက်ပစ် ခတ် တိုက်ခိုက်ခဲ့သဖြင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွား ခဲ့သည်။
ထိုသို့ အကြမ်းဖက်သမားများက လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရပ်ကွက် အတွင်း ရောက်ရှိနေသည့် ဘုတလင်မြို့နယ် သပြေပင်ကျေးရွာနေ မယဉ်ယဉ်ဌေး (၁၃) နှစ် (ဘ)ဦးစန်းမောင်နှင့် ၎င်း၏ မောင်ဖြစ်သူ မောင်မြင့်မြတ် သူ (၁၀) နှစ်တို့တွင် ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသနိုင်ရေးအတွက် ဘုတလင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း များ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်