နေပြည်တော် ဇန်နဝါရီ ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို သတ်မှတ်အအေးလမ်း ကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ် များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ် ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင် အခန်းတွင်ထားရှိသည့် ဆေး တစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင် သော Myancopharm နှင့် Sino-pharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ် များကို ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ Myancopharm ၈၄၅၉ လုံး၊ Sinopharm ၁၀၄၁၆ လုံးနှင့် ဆေးထိုးအပ်များ၊ သံတွဲမြို့သို့ Myancopharm ၃၁၂၇ လုံး၊ Sinopharm ၂၈၇၃ လုံးနှင့် ဆေးထိုးအပ်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ Sino-pharm ၁၁၆၀ နှင့် ဆေးထိုးအပ် များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ Myancopharm ၆၇၈၁ လုံး၊ Sinopharm ၇၀၉၇ လုံးနှင့် ဆေးထိုးအပ်များ၊ ကယား ပြည်နယ် လွိုင်ကော်မြို့သို့ Myancopharm ၈၀၄ လုံး၊ Sino-pharm ၈၃၆ လုံးနှင့် ဆေးထိုးအပ် များကို ယနေ့တွင် တပ်မတော် လေယာဉ်များဖြင့် ပို့ဆောင် ပေးသည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူ များက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာ နေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်



