ပုသိမ်ကြီး၊ ကျိုက်မရောနှင့် တန့်ယန်းမြို့နယ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ   ၁၇  


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ က ပုသိမ် ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု ကျောက်ချောကျေးရွာရှိ (၁၆)မိုင် ပူးပေါင်းစစ်ဆေးရေး   ဂိတ်တွင် ခရီးသည်တင်   မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ    ယာဉ်ပေါ်ပါ ခရီးသည် မနန်းမွမ်း စိန်နှင့်   မနန်းမွမ်းစံလူတို့    နှစ်ဦး ၏    ခရီးဆောင်အိတ်အတွင်းမှ    စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၈၀ သိမ်းဆည်းရမိခဲ့သဖြင့် မနန်းမွမ်း စိန်(၂၇ နှစ်)  နှင့်  မနန်းမွမ်းစံလူ တို့အား ဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။

 


အလားတူ  ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခွဲခန့်တွင်  မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ  ပါဝင် သော   ပူးပေါင်းအဖွဲ့သည် ကျိုက် မရောမြို့နယ် ဘိန်းဗျောကျေးရွာ အုပ်စု ဘိန်းဗျောကျေးရွာအနီးတွင် စိုးအောင် မောင်းနှင်ပြီး သန်းဇော် မြင့်နှင့်    တင့်လွင်ဦး (ခ)  ကတုံး တို့ လိုက်ပါလာသည့်  ဆိုင်ကယ် အား  ရပ်တန့်စစ်ဆေး  ရှာဖွေရာ တင့်လွင်ဦး(ခ)ကတုံး  လွယ်ထား သည့်   လွယ်အိတ်နှင့်  ဆိုင်ကယ်   တူးဘောက်အတွင်းတို့မှ    စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၆၀၀ သိမ်းဆည်း ရမိခဲ့သဖြင့်      စိုးအောင်(၄၅ နှစ်)၊   သန်းဇော်မြင့်    (၄၇ နှစ်)  နှင့်   တင့်လွင်ဦး(ခ)ကတုံး (၄၇ နှစ်) တို့အား  ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

 


ထို့အပြင် ဇန်နဝါရီ ၁၆ ရက် ၀၀:၃၀ နာရီခန့်က  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တန့်ယန်းမြို့ အမှတ် (၇)ရပ်ကွက်ရှိ တန့်ယန်း-လားရှိုး သွားကားလမ်းတွင် စိုင်းကျော်လှ  မောင်းနှင်ပြီး   မနန်းခမ်းစိန်နှင့် စိုင်းကျင်တို့    လိုက်ပါလာသည့် Ford    Ranger   အမျိုးအစား မော်တော်ယာဉ်ကို      ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်းရှေ့ ခြေနင်းပြားအောက်မှ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့်     ကက် တမင်း ၂ ကီလိုနှင့် Happy Water သုည   ဒသမ  ၀၂၅  ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး   စစ်ဆေး ပေါ်ပေါက်ချက်အရ  ၀၁:၀၀  နာရီ တွင်  အဆိုပါနေရာ၌   စိတ်ပြောင်း ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့်   စိုင်းရွှေနှင့် စိုင်းရွှေကြာတို့ကို       Navara Double Cab အမျိုးအစား မော် တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့်    စိုင်းကျော်လှ (၃၂ နှစ်)၊ မနန်းခမ်းစိန်(၂၂ နှစ်)၊    စိုင်းကျင် (၂၅ နှစ်)၊    စိုင်းရွှေ(၂၇ နှစ်)နှင့် စိုင်းရွှေကြာ     (၂၈ နှစ်)တို့အား ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။        

 

သတင်းစဉ်