တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး         ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်  ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး     ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ ၁၄ ရက်တွင် ရခိုင်ပြည် နယ်    တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မောင်တောမြို့နယ် အကောက်ခွန် ဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ   ကညင်ချောင်းစပ်တွင် အကောက်ခွန်မဲ့  ESSE   တံဆိပ် နိုင်ငံခြားစီးကရက်      အတောင့် ၃၅၀     (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၅၀,၀၀၀)    ကို   သိမ်းဆည်း ရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ      အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် ဇန်နဝါရီ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး     တရား  မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင်ကျောက်ချော     စစ်ဆေးရေး စခန်း၌     တာဝန်ကျ    ပူးပေါင်း စစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်      တစ်စီးပေါ်၌ တရားဝင်တင်သွင်းခွင့် အထောက် အထား   တင်ပြနိုင်ခြင်းမရှိသည့် ကျောပိုးအိတ် အလုံး ၉၀၀ အပါ အဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၄၃၆,၀၀၀) နှင့် အဆိုပါကုန်ပစ္စည်းများ      တင် ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက် တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး           ငွေကျပ် ၉၂,၄၃၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်  လုပ်ထုံးလုပ်နည်း နှင့်အညီ     အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


၎င်းအပြင် ဇန်နဝါရီ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ပဲခူးတိုင်းဒေသ ကြီး    တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံ ခန့်ခွဲမှုဖြင့်         တိုင်းဒေသကြီး သစ်တောဦးစီးဌာန    ဦးဆောင် သော   ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့်  သာယာဝတီခရိုင်များ     အတွင်း တရားမဝင် သစ်မျိုးစုံ (၃၉၅ ဒသမ ၈၄၇၆)   တန်    (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၅၅,၃၅၈,၈၁၆)   ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ထို့အတူ ဇန်နဝါရီ ၁၆ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်     ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ ခရီးသည်     ဝန်စည်များနှင့်အတူ  ရောနှော   သယ်ဆောင်လာသော  သက်ဆိုင်ရာ          တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Swiss Time အမျိုးအစား Couple Watch  ၁၃ စုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၉၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင်     ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်     အကောက်ခွန် ဦးစီးဌာနမှူး        ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှု များ  ဆောင်ရွက်ခဲ့ရာ   ကျိုင်းတုံ တက္ကသိုလ်အနီးတွင် ကျိုင်းတုံမြို့ မှ မိုင်းပျဉ်းမြို့သို့ မောင်းနှင်လာ သော    မော်တော်ယာဉ်   တစ်စီး ပေါ်၌    တင်သွင်းခွင့်     စာရွက် စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် Sponsor တံဆိပ် အားဖြည့်အချိုရည် ချပ်ဖာ  ၁,၃၀၀  (ခန့်မှန်းတန်ဖိုး            ငွေကျပ် ၁၉,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်   တစ်စီး   (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၄ ရက်၊ ၁၅   ရက်နှင့်   ၁၆    ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁  မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈,၆၄၄,၈၁၆)     ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး  ဦးဆောင်ကော်မတီမှ   သိရ သည်။                     

သတင်းစဉ်