ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

 

နေပြည်တော်   ဇန်နဝါရီ    ၁၂
အမေရိကန်ပြည်ထောင်စု  နယူး ယောက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁    ရက်တွင်   ကျင်းပခဲ့သည့် ကုလသမဂ္ဂ      လုံခြုံရေးကောင်စီ အစည်းအဝေး၌          မြန်မာနိုင်ငံ ဆိုင်ရာ    ဆုံးဖြတ်ချက်     အဆို တစ်ရပ်ကို    မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက် ၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော် ပွဲကို     ယနေ့     နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး    မြိတ် မြို့ မြိတ်တောင်ကျေးရွာ အရှေ့ သိမ်ဘောလုံးကွင်း၌        ဒေသခံ ပြည်သူများစုပေါင်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင် ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံ ကသာ    ဖြေရှင်းရေး    ဒို့အရေး၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံ များအလိုမရှိ၊ အကြမ်းဖက် NUG ၊ CRPH ၊ PDF အလိုမရှိ၊ အပြစ်မဲ့ ပြည်သူများကို     အကြမ်းဖက် သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့်   နိုင်ငံ့ဝန်ထမ်း များကို    အကြမ်းဖက်သတ်ဖြတ် နေမှုများအား       ချက်ချင်းရပ် စသည့်      ကြွေးကြော်သံများဖြင့် ကြွေးကြော်၍     ပိုစတာများ၊ ဆိုင်းဘုတ်များ   ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။  
သတင်းစဉ်