မော်လမြိုင် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်အတွင်း အခြေခံ လူဦးရေ စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အသီးသီး အလိုက် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေး အဖွဲ့များဖြင့် စာရင်း ကောက်ယူခြင်းများကို ကောက်ယူ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ဇန်နဝါရီ ၁၀ ရက်က မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ၌ မြေပြင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့များ၏ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူနေမှုများကို ကြည့်ရှု စစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က လူဦးရေစာရင်းများ တိကျမှန်ကန် မှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းစဉ် များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန်နှင့် သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး တစိုက် မတ်မတ် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ် ဈေးကြို ရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်ပြည်နယ် အနေဖြင့် မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရန် အိမ်ထောင်စုပေါင်း ၅၂၅၆၉၅ စု ရှိရာ ဇန်နဝါရီ ၉ ရက်မှ စတင်၍ မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ၁၀၉၃ ဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်အထိ အိမ်ထောင်စု ၁၇၀၀၀ ကျော် ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု မြင့်မားရေးအတွက် မြို့နယ်များ အလိုက် အခြေခံပညာကျောင်း များရှိ ကျောင်းသား ကျောင်းသူ များကို ဦးစားပေးသတ်မှတ်၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဇန်နဝါရီ ၁၀ ရက်က မော်လမြိုင်မြို့ ဖားအောက် ကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်း (ခွဲ) ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု ငါးလပြည့်ပြီးသော အသက် ငါးနှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှု အခြေ အနေကို ကြည့်ရှုအားပေးခဲ့ကြ ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင် မြို့နယ် စမ်းကြီးကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း (ခွဲ)၌ ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ခရိုင်(ပြန်/ဆက်)



