ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် (၂၀၂၃) ကျင်းပမည်

 

ကျိုင်းတုံ     ဇန်နဝါရီ     ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေ  ဒေသ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး  တိုးတက်ရေးနှင့်     ချယ်ရီပင်များ  ထိန်းသိမ်း     စောင့်ရှောက်နိုင်ရေး  တို့အတွက်       ချယ်ရီပန်းပွဲတော်  ၂၀၂၃   ကို   ဇန်နဝါရီ   ၁၉   ရက်မှ   ၂၃ ရက်နေ့အထိ လွိုင်မွေတောင်  စခန်း     စတုရဋ္ဌသုမင်္ဂလာစေတီ တော်အနီး   ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်     ဖြစ်ကြောင်း သိရသည်။

 


လက်ရှိ    လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ ဒေသရှိ ပြည်သူများ သွားရောက် ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး ခရီး သွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်း များ      ရေရှည်ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်ရည်ရွယ်၍  နှစ်စဉ် ဇန်နဝါရီလအတွင်း    ရက်သတ် မှတ်၍ ပြည်တွင်းပြည်ပခရီးသွား များ လာရောက်လည်ပတ်နိုင်ရန် နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်  ကာလ  ငါးရက်အတွင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ  တေးသီချင်းများဖြင့်      သီဆို ဖျော်ဖြေခြင်း၊    ဂုံရှမ်း၊    အာခါ၊ လားဟူ၊ ‘ဝ’၊  လီဆူ၊ လွယ်၊ အားခေ  အမျိုးသားစာပေနှင့်   ယဉ်ကျေးမှု အဖွဲ့များက     ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်  ဖြစ် ကြောင်း၊  ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်း   အရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊    အစားအစာ များ   ရောင်းချပေးခြင်းနှင့်   ဒေသ ထွက်ကုန်များ၊        လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်          စသည့် အကြောင်းအရာကို ပြခန်းများဖြင့်  ပြသဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း   ဟိုတယ်နှင့်   ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ)ရုံးမှ သိရသည်။

 


မြန်မာနိုင်ငံ နေရာအနှံ့အပြား ၌ အဆိုပါရာသီတွင် ချယ်ရီပန်း များ   ပွင့်ကြသော်လည်း   လွိုင်မွေ ဒေသကဲ့သို့          ချယ်ရီပန်းများ  အများအပြား အစုလိုက်အပြုံလိုက်  ပွင့်သောနေရာ    ရှားပါးသည်။ လွိုင်မွေတောင်စခန်း        သည် ပင်လယ်ရေမျက်နှာပြင်အထက်  ပေ ၅၅၄၂ တွင် တည်ရှိပြီး  အထင် အရ လွိုင်မွေရေကန်၊ နှစ်တစ်ရာ စံအိမ်   စသည့်      အမှတ်တရ  ဓာတ်ပုံရိုက်ကူးသည့်    နေရာများ  များပြားသည့်အပြင် ဆောင်းရာသီ ကာလ     ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်     လာရောက်လည်ပတ်သူ များဖြင့် စည်ကားလျက်ရှိသည်။ 

 


ရှမ်းပြည်နယ်      (အရှေ့ပိုင်း)  ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ၌ နှစ်စဉ်       ဆောင်းရာသီကာလ အတွင်း    တစ်လကြာ    ချယ်ရီပန်း များ    ပွင့်သည့်အတွက်    ချယ်ရီ ပန်းပွဲတော်   ကျင်းပနိုင်ရေးဦးစီး ကော်မတီမှ    လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော် ၂၀၂၃ ဒုတိယ အကြိမ်     ကျင်းပနိုင်ရေး      စီစဉ် ဆောင်ရွက်လျက်       ရှိကြောင်း သိရသည်။ 


အောင်ဇင်မြင့်(ပြန်/ဆက်)